• This is default featured slide 1 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 2 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 3 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 4 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • This is default featured slide 5 title

    Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.


ထာဝရဘုရား၏သမ္မာကျမ်းစာ"




ကမ္ဘာကိုမည်သည့်အရာက ထောက်မထားသနည်း။

ရှေးခေတ်ကလူတို့သည် စကြဝဠာနှင့်ပတ်သတ်၍ ကမ္ဘာသည်မည်သည့်အရာပေါ်တွင်တည်နေသနည်း။နေလကြယ်များကိုမည်အရာက ထောက်မထားသနည်းဟူသည့်အခြားမေးခွန်းများကြောင့် ခေါင်းရှုပ်ခဲ့ကြသည်။သူတို့သည် အိုက်ဇက်နယူတန်က ပုံသေနည်းဖြင့်ဖော်ပြခဲ့သော ၁၆၈၇ ခုနှစ်တွင် ထုတ်ဝေလိုက်သည့် စကြဝဠာ၏ ဆွဲငင်အား နိယာမအကြောင်းမသိခဲ့ကြပါ။အမှန်မှာကောင်းကင်တန်ဆာများသည် ဘားမှမရှိသည် ဗလာနယ် အာကာသတွင် တွဲလဲနေသည်ဟူသော သဘောတရားကို သူတို့မသိကြပါ။ထို့ကြောင့် သူတို့၏ရှင်းပြချက်များက ကိုင်တွယ်၍ရသော ဒြပ်ဝတ္ထုများ သို့မဟုတ် ပစ္စည်းများသည်ကမ္ဘာနှင့်အခြားကောင်းကင်တန်ဆာများကို ထောက်မကာ အပေါ်သို့မြှောင့်ပေးထားသည်ဟု တင်ပြလေ့ရှိသည်။

ရှေးသီအိုရီတစ်ခုက ကမ္ဘာသည် ရေပတ်လည်ဝိုင်းနေပြီး ရေပေါ်တွင် ပေါလောမျှောနေသည်ဟုဆိုသည်။ကမ္ဘာသည်အထပ်ထပ်ဆင့်ထားသည့် အခုအခံအုပ်မြစ်များစွာပေါ်တွင်တည်ထားကြောင်း
ဟိန္ဒူတို့အယူအဆရှိသည်။၎င်းမှာ ကမ္ဘာသည် ဆင်လေးကောင်ပေါ်တွင် တည်နေပြီး ဆင်များသည် ဧရာမလိပ့်ကြီးပေါ်တွင်ရပ်နေသည်။ထိုလိပ့်ကြီးသည် မြွေကြီးတစ်ကောင်ပေါ်တွင်ရပ်နေသည် ထိုခွေနေသောမြွေကြီးသည် အပြောကျယ်သော ရေပြင်ပေါ်တွင် ပေါလောမျောနေ၏။ဘီ..စီ..အီး..ပဉ္စမရာစုမှ ဂရိဒဿနပညာရှင် အင်မ်ပက်ဒကလက်က ကမ္ဘာသည်ကောင်းကင်တန်ဆာများရွေ့လျှားမှုကြောင့် ဖြစ်ပေါ်လာသော လေပွေတစ်ခုပေါ်တွင် တည်နေသည်ဟုယုံကြည်သည်။

[ယင်းတို့တွင်အလွှမ်းမိုးဆုံးအယူအဆများမှာ အရစ္စတိုတယ်၏ အယူဆများဖြစ်သည်။ကမ္ဘာသည် စက်လုံးဖြစ်သည်ဟုသူယူဆခဲ့သော်လည်း ဗလာနယ်အာကာသတွင်တွဲလောင်းနေနိုင်သည်ဟူသည့်အချက်ကိုမူငြင်းပယ်ခဲ့သည်။]

ကောင်းကင်တွင်အမည်ရှိသူ၏ ဋီကာကျမ်း၌ ကမ္ဘာသည်ရေပြင်ပေါ်တွင် တည်နေသည်ဟူသည့် အယူအဆအား မှားယွင်းကြောင်းချေပရာတွင် ဤသို့ဆိုသည်-
"ရေ၏သဘာဝမှာ ကမ္ဘာကဲ့သို့ပင် လေထဲလွင့်မနေတတ်ပေ၊
ယင်းသည် တစ်ခုခုပေါ်တွင်တည်နေရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ကမ္ဘာသည် မည်သည့်အရာပေါ်တွင်တည်နေသနည်း။နေ၊လနှင့်ကြယ်တို့ကိုအလင်းထုတ်ချင်းဖောက်သောအစိုင်အခဲ စက်လုံးများ၏မျက်နှာပြင်တွင် ချိတ်ဆွဲထားသည်ဟု အရစ္စတိုတယ်က သွန်သင်သည်။စက်လုံးထဲတွင်စက်လုံးကိုအထိုင်ချကာ ဗဟိုတွင်မရွေ့နိုင်သော ကမ္ဘာရှိသည်။စက်လုံးများသည် တစ်ခုအတွင်းတစ်ခု လည်ပတ်နေစဉ် ယင်းစက်လုံးတို့အပေါ်ရှိဒြပ်ဝတ္တုများဖြစ်သော နေ၊လနှင့်ဂြိုလ်တို့သည် မိုးကောင်းကင် တွင်ဖြတ်သန်းရွေ့လျှားကြလေသည်။

အရစ္စတိုတယ်၏ရှင်းပြချက်သည် ယုတ္တိရှိပုံပေါက်သည်။အကယ်၍ကောင်းကင်တန်ဆာများကို တစ်ခုခု နှင့်ချိတ်တွဲမထားပါက ယင်းတို့သည် အထက်ယံ၌ မည်သို့တည်နေနိုင်ပါမည်နည်း။လေးစားခံရသော အရစ္စတိုတယ်၏အယူအဆများကို အမှန်တရားအဖြစ် အနှစ်၂၀၀၀ခန့် လက်ခံခဲ့ကြသည်။

ဗြိတိန်နစ်ကာ စွယ်စုံကျမ်းသစ်အရ ၁၆ရာစုနှင့်၁၇ရာစုများတွင်
သူ၏သွန်သင်ချက်များသည် ကတ်သလစ် ချာ့ခ်ျအမြင်တွင်"ဘာသာရေးတရားသေအယူဝါဒအဆင့်ထိတက်ရောက်သွားခဲ့သည်။

အဝေးကြည့်မှန်ပြောင်းများကို တီထွင်လာလေသော် နက္ခတ္တဗေဒပညာရှင်များသည် အရစ္စတိုတယ်၏ အယူအဆကို စောဒကတက်ခဲ့ကြသည်။သို့တိုင်ဂြိုလ်များသည် ဗလာနယ်အာကသတွင် တွဲလဲနေသည် မမြင်နိုင်သည့်စွမ်းအားဖြစ်သော ဆွဲငင်အားကြောင့် မိမိတို့၏ပတ်လမ်းများတွင် တည်တံ့နေကြခြင်းဖြစ်သည်ဟု ဆာအိုက်ဇက်နယူတန်က မရှင်းပြမချင်း အဖြေမရဖြစ်နေကြသည်။ယင်းသည်ဆန်းကျယ်နေပုံရှိရာ နယူတန်၏ လုပ်ဖော်ဆောင်ဖက်အချို့ ပင် အာကာသသည်
ကျယ်ပြော၍ ဝတ္တုမဲ့ ဗလာနယ်ဖြစ်နိုင်ဖွယ်ရှိသည်ကို ယုံရခတ်နေကြသည်။

အဆိုပါပြသနာနှင့်ပတ်သတ်ပြီး သမ္မာကျမ်းစာက မည်သို့ဆိုစရာရှိသနည်း။လွန်ခဲ့သည့် အနှစ် ၃၅၀၀နီးပါးက
ကျမ်းစာတွင် ကမ္ဘာသည် အခုအခံမရှိ တွဲလဲဖြစ်နေသည်ဟု အလွန့်အလွန်ရှင်းလင်းစွာဖော်ပြထားသည်။

"မိုးကောင်းကင်ကိုလွတ်လပ်လဟာ၌ကြက်တော်မူ၏။မြေကြီးကိုအခုအခံမရှိဆွဲထားတော်မူ၏"
[ယောဘဝတ္တုကျမ်း ၂၆း၇]

မူရင်းဟေဗြဲစကား၌
 ဤတွင်အသုံးပြုထားသော "မရှိ"(ဘေလီ-မား)ဟူသည့် စာသားအတိုင်းအဓိပ္ပါယ်မှာ"နတ္ထိ"ဟူ၍ဖြစ်သည်။ခေတ်ပြိုင်အင်္ဂလိပ့်ဘာသာပြန်ကျမ်းက "သုညနယ်"တွင်ဟူသည့် အသုံးအနှုန်းကို အသုံးပြုထားသည်။ထိုခေတ်ရှိလူအများစုသည် ကမ္ဘာကို သုညနယ်တွင် တွဲလဲဖြစ်နေသည့် ဂြိုလ်တစ်လုံးအနေနှင့် လုံးဝမမြင်ပါ။သို့တစေ ကျမ်းရေးသူသည် ဘုရားသခင်၏ လမ်းပြညွှန်ကြားမှုဖြင့် ခေတ်ရှေ့ပြေးကာ သိပ္ပံနည်းအရ တိကျခိုင်လုံသော ကျေနပ်နှစ်သက်ဖွယ်အဆိုတစ်ခုကို မှတ်တမ်းတင်ခဲ့လေသည်။

[ကမ္ဘာမြေကြီးသည် ဘားမှမရှိသည့် လဟာပြင်ဖြင့် ဝန်းရံထားခြင်းခံရသည်ဟူသော သမ္မာကျမ်းစာ၏ ဖော်ပြချက်သည် ယင်းအချိန်တွင်ထူးဆန်းသောအမြင်ဖြစ်ကြောင်း ကျမ်းပညာရှင်များက အသိမှတ်ပြုသည်]

>science and bible<
Share:

ဘုရားသခင်အား ယုံကြည်ခြင်းကြောင့် ပါမောက္ခ၏ လှောင်ပြောင်ခြင်းခံရသော ကျောင်းသား

ဘုရားသခင်အား ယုံကြည်ခြင်းကြောင့် ပါမောက္ခ၏ လှောင်ပြောင်ခြင်းခံရသော ကျောင်းသား
•••••••••••••••••••••••••••••••••••••••••••
ပါမောက္ခ >:•• သား မင်းက ခရစ်ယာန် ဟုတ်
တယ်မဟုတ်လား?
ကျောင်းသား>: •• ဟုတ်ပါတယ်ဆရာ။
ပါမောက္ခ >: •• ဒါဆိုရင် မင်းဘုရားသခင်ကို
ယုံကြည်သလား?
ကျောင်းသာ >: •• အပြည့်အဝ ယုံကြည်ပါ
တယ်ဆရာ။
ပါမောက္ခ >: •• ဘုရားသခင်က ကောင်းလား?
ကျောင်းသာ >: •• ကောင်းတာပေါ့ဗျာ။
ပါမောက္ခ: •• ဘုရားသခင်က တန်ခိုးရှိလား?
ကျောင်းသား: •• ရှိတာပေါ့ဗျာ။
ပါမောက္ခ: •• ဆရာ့အကိုကတော့ ဘုရားသခင်ကို
သူ့ကင်ဆာရောဂါ ပေးပျောက်ဖို့
ဆုတောင်းရင်း သေသွားတယ်။
ငါတို့လူအများစုက နေမကောင်းတဲ့
သူတွေကို ကြိုးစားကူညီပေးချင်ကြ
တယ်။ ဒါပေမယ့် ဘုရားသခင်က
မကူဘူး။ ဘုရားသခင်က ဘယ်
လို့ကောင်းနိုင်မှာလဲ? ဟင်း!
(ကျောင်းသားတိတ်ဆိတ်နေသည်။)
ပါမောက္ခ>:••မင်းဖြေနိုင်မလား မဖြေနိုင်လား
ပြန်စမေးမယ်နော်။ ကလေးရေ
ဘုရားသခင်ကောင်းလား?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• စာတန်မာနတ် ကောင်းလား?
ကျောင်းသား:>•• မကောင်းပါ။
ပါမောက္ခ:>•• စာတန်မာနတ် ဘယ်ကလာသလဲ?
ကျောင်းသား:>•• ဘု-ရား-သ-ခင်-ဆီ က …
ပါမောက္ခ:>•• ဒါမှန်တာပေါ့။ သား ဆရာ့ကိုပြောပြ
စမ်း။ လောကကြီးမှာ မကောင်းမှုရှိ
သလား?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• မကောင်းမှုက နေရာတိုင်းမှာဘဲ။
ဟုတ်တယ်မဟုတ်လား? နောက်ပြီး
ဘုရားသခင်က အရာခပ်သိမ်းကို
ဖန်ဆင်း ခဲ့တာလေ။ မှန်တယ်နော်?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• ဒါဆို မကောင်းမှုကို ဘယ်သူဖန်
ဆင်းတာလဲ?
( ကျောင်းသားမဖြေပါ။)
ပါမောက္ခ:>•• မကျန်းမာမှုတွေ၊ စာရိတ္တပျက်ပြား
မှုတွေ၊ အမုန်းတရားတွေ၊
အကျည်းတန်ခြင်းတွေ၊ ဒီအရာ
အားလုံး လောကကြီးမှာရှိနေတယ်
မဟုတ်လား?
ကျောင်းသား:>•• ဟုတ်ကဲ့ပါဆရာ။
ပါမောက္ခ:>•• ဒါဆိုရင် အဲ့ဒီအရာတွေ ဘယ်သူ
ဖန်ဆင်းတာလဲ?
(ကျောင်းသား၌ အဖြေမရှိပါ။)
ပါမောက္ခ:>•• သိပ္ပံပညာက အာရုံငါးပါးနဲ့ လောကတစ်ခုလုံးကို လေ့လာနိုင်တယ်လို့ ပြော
တယ်။ ကဲ သားလေး ပြောကြည့်စမ်းပါ။ ဘုရားသခင်ကို တွေ့မိလား?
ကျောင်းသား:>•• မတွေ့မိပါဘူး ဆရာ။
ပါမောက္ခ: >•• ဘုရားသခင် မင်းကိုစကားပြောတာ ကြားခဲ့ဖူးရင် ပြောပြပါလား။
ကျောင်းသား: >•• မကြားမိဘူးဆရာ။
ပါမောက္ခ: >•• မင်းဘုရားသခင်ကို ခံစားဖူးလား? ဘုရားသခင်ကို မြည်းစမ်းဖူးလား?
ဘုရားသခင်ရဲ့ အနံ့ခံဖူးလား? ဘုရားသခင်နဲ့ပတ်သက်ပြီး အာရုံခံစားရတဲ့
အတွေးအသိတွေရဖူးလား?
ကျောင်းသား: >•• မရှိဘူးဆရာ။ ကျွန်တော် မကြုံခဲ့ဖူးပါဘူး။
ပါမောက္ခ: >•• ဒါတောင်မင်းက သူ့ကို ယုံနေတုန်းဘဲ?
ကျောင်းသား: >•• ဟုတ်ကဲ့။
ပါမောက္ခ: >•• လက်တွေ့မျက်မြင်သိရတာတွေ၊ စမ်းသပ်လို့ရတာတွေ၊ ယုတ္တိရှိစွာ
သရုပ်ပြလို့ရတာတွေအားဖြင့် သိပံ္ပပညာက မင်းရဲ့ဘုရားသခင် မရှိဘူး
လို့ ပြောလာတယ်။ မင်းအဲ့ဒါကို ဘယ်လို တုန့်ပြန်မလဲ?
ကျောင်းသား: >•• ဘယ်လိုမှ မတုန့်ပြန်ပါဘူး။ ကျွန်တော့ရဲ့ ယုံကြည်ခြင်းကိုဘဲ
ဆက်ကိုင်စွဲမှာပါ။
ပါမောက္ခ: >•• ဟုတ်ပြီ ယုံကြည်ခြင်း။ သိပ္ပံပညာမှာပြဿနာဖြစ်နေတာက အဲဒါဘဲ။
ကျောင်းသား:>•• ပါမောက္ခကြီးခင်ဗျား၊ ပူတယ်ဆိုတဲ့အရာရှိလား?
ပါမောက္ခ: >•• ရှိတာပေါ့။
ကျောင်းသား: >•• အေးတယ်ဆိုတဲ့အရာကောရှိလား?
ပါမောက္ခ: >•• ရှိတာပေါ့။
ကျောင်းသား: >•• မရှိဘူးဆရာ၊ ဒါတွေမရှိဘူး။
(စာသင်ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။)
ကျောင်းသား: >••ဆရာ၊ အပူရှိန်တွေအများကြီးရနိုင်ပါတယ်။ ပိုပူတာတွေလည်းရပါ
တယ်။ သာလွန်တဲ့ အပူတွေလည်းရပါတယ်။ ဧရာမ အပူတွေ၊
အဖြူရောင် အပူတွေ၊ နည်းနည်းဘဲပူတာတွေ၊ လုံးဝမပူတာတွေ အား
လုံးရနိုင်ပါတယ်။ ဒါပေမယ့် အေးတယ်ဆိုတဲ့အရာ မရှိပါဘူး။
သုညအောက် ၄၅၈ ဒီဂရီ ကိုတောင် အပူချိန်မရှိတော့တဲ့အထိ
အပူချိန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားလို့
မရတော့ပါဘူး။ အေးခြင်းဆိုတဲ့ အရာ မရှိပါဘူး။ အေးတယ်ဆိုတာ အပူ
မရှိလို့ပေါ်ထွက်လာတဲ့ စကားလုံးပါ။ အေးခြင်းဆိုတာကို တိုင်းတာ
လို့မရပါဘူး။ ပူခြင်းဆိုတာ စွမ်းအင်တစ်ခုပါ။ အေးခြင်းဆိုတာ ပူခြင်းရဲ့
ဆန့်ကျင်ဘက်စွမ်းအင် မဟုတ်ပါဘူး ဆရာ၊ အပူမရှိခြင်းရဲ့ ပုံဆောင်ခြင်း
သာဖြစ်ပါတယ်။
( စာသင်ခန်းမသည် အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်နေသည်။)
ကျောင်းသား: >•• ပါမောက္ခကြီးခင်ဗျား၊ အမှောင်ကိုရော ဘယ်လိုသဘောရပါသလဲ?
မှောင်နေတဲ့အရာဝတ္ထုရှိပါသလား?
ပါမောက္ခ: >•• ရှိတာပေါ့။ ညအချိန်မှာမှောင်နေတာလေ။
ကျောင်းသား:>•• ဒါဆိုရင်တော့ ဆရာကြီးထပ်မှားပြန်ပြီ။ အမှောင်ဆိုတာ
တစ်စုံတစ်ခုမရှိခြင်းကြောင့် ဖြစ်တည်တာပါ။ အလင်းဖျော့ဖျော့၊
ပုံမှန်အလင်း၊ တောက်ပတဲ့အလင်း၊ ဝင်းလက်နေတဲ့အလင်း၊ စသဖြင့်
ရနိုင်ပါတယ်။ အလင်းအဆက်မပြတ် မရရင်တော့ ဘာမှမရှိတော့
ဘူး၊ မှောင်တယ်လို့ခေါ်တယ်မဟုတ်ပါလား? အမှန်မှာတော့ အမှောင်မ
ရှိပါဘူး။ အဲဒီလိုရှိရင် ကျွန်တော်တို့ အမှောင်ကို ပိုမှောင်အောင်
လုပ်နိုင်မှာပေါ့။ မဟုတ်ဘူးလား?
ပါမောက္ခ: >•• ဒါဆိုရင် မင်းကဘာကို ထောက်ပြပြောဆိုချင်တာလဲ လူငယ်?
ကျောင်းသား:>•• ဆရာ၊ ကျွန်တော်ထောက်ပြချင်တာကတော့ ဒဿနိကအတွေးအားဖြင့်
ဆရာ့အဆိုဟာ မှားယွင်းနေကြောင်းပါ။
ပါမောက္ခ: >•• မှားနေတယ်? ဘယ်လိုမှားတယ်ဆိုတာ ရှင်းပြပေးပါလား?
ကျောင်းသား: >••ဆရာက အကြောင်းအရာ နှစ်ရပ် ဒွန်တွဲနေမှုကို အဆိုပြုပါတယ်။
အသက်ရှင်ခြင်းရှိပြီး သေခြင်းလည်းရှိတယ်၊ ကောင်းတဲ့ဘုရား
မကောင်းတဲ့ဘုရား ရှိတယ်လို့ ဆိုပါတယ်။ ဆရာက ဘုရားသခင်ကို
အကန့်အသတ်ရှိတယ် တိုင်းတာလို့ရတယ်လို့ တွေးမြင်ယူဆပါတယ်။
ဆရာ၊ သိပ္ပံပညာတောင် အတွေးတစ်ခုကို အဓိပ္ပါယ် မဖွင့်ဆိုနိုင်ပါဘူး။
သိပ္ပံပညာက လျှပ်စစ်ဓာတ်အား၊ သံလိုက်ဆွဲငင်အားတို့ကို အသုံးပြုပါ
တယ်။ ဒါပေမယ့် ဒီအရာတွေကို အပြည့်အဝနားလည်တဲ့အထိ သိရှိ
တယ်လို့ မတွေ့ရပါဘူး။ သေခြင်းကို အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်
ဘက်အနေနဲ့ မြင်ကြည့်မယ်ဆိုရင် မကောင်းပါဘူး။ သေခြင်းနဲ့
အသက်ရှင်ဟာ ဟာ အမြဲဒွန်တွဲနေတယ်လို့ ပြောနိုင်ပါတယ်။
သေခြင်းဆိုတာ အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။
အသက်ရှင်ခြင်း မရှိခြင်းသာ ဖြစ်ပါတယ်။ ပါမောက္ခကြီးခင်ဗျား၊
ကျောင်းသားတွေကို သူတို့ မျောက်က ဆင်းသက်လာတယ်လို့
သင်ကြားဖူးပါသလား?
ပါမောက္ခ:>•• ဆင့်ကဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မင်းပြောနေတာဆိုရင်တော့
ဟုတ်တယ်၊ ငါသင်ခဲ့တယ်။
ကျောင်းသား: >•• ဆရာ့ရဲ့ မျက်လုံးဆင့်ကဲဖြစ်စဉ်ကိုရော ဆရာလေ့လာခဲ့ဖူးသလား?
( ပါမောက္ခမှာပြုံး၍ ခေါင်းခါလိုက်သည်။ သူတို့ငြင်းခုံနေခြင်း အဘယ်ကို
ဦးတည်နေကြောင်း ရိပ်စားမိလာသည်။)
ကျောင်းသား:>•• ဆင့်ကဲဖြစ်စဉ်တွေကို ဘယ်သူကမှလုပ်ငန်းခွင်မှာ မလေ့လာခဲ့
ဒါကြောင့် ဒီဖြစ်စဉ်ကို ဆက်ပြီးရှာဖွေဖော်ထုတ်နေတယ်လို့ ပြော
လို့မရပါဘူး။ ဆရာ့အနေနဲ့ ဆရာ့ရဲ့ အတွေးအမြင်တွေကို သင်နေတာ
မဟုတ်ဘူးမို့လား? ဆရာက သိပ္ပံပညာရှင် မဟုတ်ဘဲ တရားဟော
ဆရာဖြစ်နေလား?
( စာသင်ခန်း ဆူညံလာသည်။)
ကျောင်းသား: >•• အတန်းထဲက တစ်ယောက်ယောက်များ ပါမောက္ခကြီးရဲ့ ဦးနှောက်
ကို တွေ့ဖူးတာရှိလားခင်ဗျာ?
( အတန်းသားများရယ်သံထွက်ပေါ်လာသည်။)
ကျောင်းသား: >•• ဒါဆို ပါမောက္ခကြီးရဲ့ ဦးနှောက်ဟာ ထိတွေ့ပြီးအရသာခံစားလို့
ရတယ်လို့ ဒီမှာရှိတဲ့ တစ်ယောက်ယောက်များကြားဖူးပါသလား?
တစ်ယောက်မှမရှိပါဘူး။ လက်တွေ့မျက်မြင်ကို အခြေခံတဲ့၊ ခိုင်မာတဲ့၊
လက်တွေ့သာဓကပြလို့ရတဲ့နိယာမတွေအားဖြင့် သိပ္ပံပညာက ဆရာ့
မှာ ဦးနှောက်မရှိဘူးလို့ ပြောပါတယ်ဆရာ။ ဆရာ့ကို လေးစားသမှု
ပြုပြီး ပြောရရင်တော့ ဆရာရဲ့ ပို့ချမှုတွေကို ဘယ်လို ယုံကြည်ရမလဲ
မသိတော့ပါဘူးဆရာ။
( အခန်းမှာ တိတ်ဆိတ်သွားသည်။ ပါမောက္ခမှာ တပည့်အား ဉာဏ်
မမှီသော အကြည့်ဖြင့်ကြည့်နေသည်။)
ပါမောက္ခ: >•• ငါ့အမြင်တော့ မင်းဒါတွေကို ယုံရင်ရပါပြီ သားရယ်။
ကျောင်းသား: >••ဒါဘဲဆရာ… အမှန်ပါဘဲ! လူနဲ့ဘုရားကြားက ဆက်နွယ်မှုက
“ယုံကြည်ခြင်း” ပါဘဲဆရာ။ အရာခပ်သိမ်းကို ရှင်သန်စေပြီး
ဆက်လက်ဖြစ်ပွားစေတာ ယုံကြည်ခြင်းပါဘဲ။
စာကြွင်း
ဤစကားအပြန်အလှန်ပြောဆိုခြင်းကို သင်ဖတ်ရှုပြီး စိတ်ဝင်စားလိမ့်မည်ဟု ယုံကြည်ပါသည်။ သင့်သူငယ်ချင်းမိတ်ဆွေများကိုလည်း သင်ဤကဲ့သို့ ခံစားစေချင်မှာမဟုတ်ပါလား?
သူတို့၏ အသိ/ယုံကြည်ခြင်း တိုးလာအောင် ဤစာကို လက်ဆင့်ကမ်းပေးပါ။
စကားမစပ် ပြောရမည်ဆိုလျှင် ထိုကျောင်းသားသည် အိုင်းစတိုင်း (EINSTEIN) ပင်ဖြစ်ပါသည်။
သင်အမေးမြန်းခံရခဲ့ပါလျှင် သင်သတိရသင့်သည်မှာ ကျွန်ုပ်တို့၏ခန္ဓာတွင်း၌ှရှိသော ဖန်ဆင်းခံ အရာသတ္တိခွန်အားများက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေပါသည်။ ထိုသတ္တိခွန်အားကို ရှင်သန်တိုးပွားစေရန် လိုအပ်ပါသည်။
“သို့ ရာတွင်တွေးတောခြင်း မရှိဘဲ ယုံကြည်သော စိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။” (ယာကုပ် ၁:၆)
  • သင်သည် ယုံကြည်သူတစ်ယောက်ဖြစ်လျှင် ဤစာကို မိမိမိတ်ဆွေများအားဝေမျှပါ။-
မှတ်ချက် ။ ။ Carla G. ၏ရေးသားချက်ကို Sayama Marlene A. Po မှဆီလျော်အောင်
ဘာသာပြန်သည်
Credit LianKam
Share:
"အရှုံးကို လက်မခံလိုက်ပါနဲ့"
<<>><<>><<>><<>><<>>
ဒုတိယကမ္ဘာစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့။အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။သေဆုံးသူ ၃၈၀၀။အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကိုစိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။
သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။ဒါကြောင့်အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။
သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူကလက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?တကယ်တော့မဆိုးသေးပါဘူး။ ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူးဆိုရင်ငါတို့ ဒီနေရာမှာ ဒီလိုရပ်ပြီးတောင် စကားပြောနိုင်ကြမယ်မထင်ပါဘူးဗျာ။”
“အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား?”တပ်သားတွေ စိတ်ထဲ ထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။”ပထမဆုံးအမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။
တနင်္ဂနွေနေ့ဆိုတာ အားလပ်ချိန်ပါ။ အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။ သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။
တကယ်လို့ ဂျူတီချိန် တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင် သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်။””ဟုတ်လား ?”ဟုတ်နေပါတယ် ။ ဒီအချက် ကို သူတို့မတွေးခဲ့ကြဘူး။ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ ခုတော့အသေအပျောက်စာရင်းကအများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာသူတို့ဘက်မှာ ရှိနေတာကိုမြင်သွားကြတယ်။တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နီမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။
” ဒုတိယ အမှားက တော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ကံဆိုးတာပဲဗျာ။ သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလို။ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့ရမှာမဟုတ်ဘူး။ ငါတို့သဘောတွေကို မိုင်ထောင်ချီသွားပြီးပြုပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင်ထူနိုင်မှာမဟုတ်ဘူး။””ဟုတ်တယ်မလား”မှန်တယ်။ တပ်သားတွေ လက်ခုပ်ဝိုင်းတီးကြတယ်။
စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။ဒီဆုံးရှုံးမှု့ဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။သူတို့ နောက်အမှား တစ်ခုကို ပိုသိချင်လာကြတယ်။”တတိယ အမှားကတော့”အားလုံး စိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။နီမစ် က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။” ဂျပန်တွေ သိပ် တုံးတယ်။ သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့အတွက် အားအင်တွေ ကို အပြည့်ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။
လောင်စာဆီကန်တွေ ဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာရှိသမျှ တိုက်လေယဉ်တွေသင်္ဘောတွေဟာအလကားပဲကွ။”အကုန် စိတ်ဓာတ်တွေ တစ်ဝုန်းဝုန်ကြွတက်လာကြတယ်။”ဂျပန်တွေ ဘာလို့ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား?။အဖြေကရှင်းတယ် ။ ဘုရားသခင်ဟာ ငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။
ငါတို့ကိုကူညီခဲ့တယ်။”လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။ကြွေးကြော်သံတွေ ညံထွက်လာတယ်။အရှုံးထဲ က နေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သောရနိုင်သောအခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။အဲ့နောက်မှာတော့ အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်ချုပ်ထားသောMarshall နဲ့ Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။
ဂျပန်စစ်သင်္ဘော ၈ စီးကိုမြုပ်ပစ်လိုက်တယ်။တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကိုရေအောက်မြုပ်ပြလိုက်တယ်။နောက်ဆုံး လက်နက်မချနိုင်တဲ့ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆မှာ
ဟီရိုးရှီးမား သြဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ ကို အနုမြူဗုံကြဲချပြီး ဒုတိယကမ္ဘာစစ်ကိုအနိုင်ယူလိုက်ကြတယ်။
ဒီနေရာမှာစဉ်းစားကြည့်ရအောင် တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မှု့မှာကထဲက အမေရိကန်တွေသာ စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင်ယနေ့ ခေတ် super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။
ဒီလိုမျက်မှောက်ခေတ်အောင်မြင်မှု့ ရရှိစေသောအကြောင်းပြချက်ကရိုးရိုးလေးပါ။
” အရှုံးကို လက်မခံလိုက်ပါနဲ့ “အရှုံးကို လက်မခံသေးသမျှကာလပက်လုံး သင့်မှာ အောင်မြင်ဖို့90%ရှိနေပါသေးတယ်။ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျကြမှာလဲ…အကောင်းလေးတွေ မြင်ကြည့်ကြပါ။ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ် သင်သာအကောင်းမြင်တတ်ရင်သင့်အတွက် သင့်ဘက်မှာ ကံတရား ရှိတာမြင်လာပါလိမ့်မယ်။ဒါဆို ဘာလို့ နောက်တခါ ပြန်မကြိုးစားနိုင်ရမှာလဲသင် လဲကျမှာ လုံးဝမစိတ်မပူမိပါဘူး။
သင် ပြန်မထနိုင်မှာကိုသာ စိတ်ပူမိပါတယ်။ပြန်ထလာနိုင်ဖို့လည်း အားအင်တွေပေးနိုင်ပါတယ်။ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာအနာဂါတ်မှာ သင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာမြင်ပြီလား ?မြင်တတ်ပြီလား ?အောင်မြင်မှု့ဆီ အတူတူသွားကြရအောင်ဗျာ။ကျွန်တော်ရဲရဲကြီးပြောရဲတယ် ။
Credit.Drကျော်စွာလင်း
Share:

#စံပြဇနီးကောင်းဖြစ်ဖို့အချက်၁၀ချက်

၁။မိမိခင်ပွန်း၏အုပ်စိုးခြင်းကိုနာခံပါ။
ဧဖက် ၅:၂၂-၂၃မှာအိမ်ထောင်သည်အမျိုးသမီးတွေကိုယ့်ခင်ပွန်းရဲ့ခေါင်းဆောင်မှု၊ဦးစီးမှုကိုဝန်ခံပြီးနာခံရမယ်လို့သွန်သင်ထားပါတယ်။ဒီနေရာမှာအကောင်းအဆိုးမခွဲဘဲနာခံခိုင်းတာမဟုတ်ပါဘူး၊သမ္မာတရားနှင့်အညီဦးဆောင်မှုအားလုံးကိုလိုက်နာဖို့ပါ။
၂။ကိုယ့်ခင်ပွန်းနဲ့သားသမီးကိုချစ်ပါ။
တိတု၂:၄မှာမိန်းမတွေဟာခင်ပွန်းကိုချစ်သောသူ၊သားသမီးကိုချစ်သောသူဖြစ်ရမယ်လို့သွန်သင်ထားပါတယ်။ချစ်ရမယ်လို့သွန်သင်ထားခြင်းဟာမိမိခင်ပွန်းနဲ့သားသမီးကိုမချစ်နိုင်တဲ့ဇနီးသည်တချို့ရှိနေတာမို့ဖြစ်ပါတယ်။
၃။ခင်ပွန်းအတွက်အထောက်အမကောင်းဖြစ်စေပါ။
ကမ္ဘာဦးကျမ်း ၂:၁၈မှာ ထာဝရအရှင်ဘုရားသခင်ကမိန်းမကိုဖန်ဆင်းရခြင်းဟာယောက်ျားအတွက်အထောက်အမ(ကူညီပေးသူ)ဖြစ်ကြောင်းသိရပါတယ်။နောက်ပြီးသုတ္တံကျမ်း၃၁:၁၁-၁၂မှာလည်းသီလနှင့်ပြည့်စုံတဲ့မိန်းမဟာခင်ပွန်းရဲ့အကျိုးအတွက်တသက်လုံးပြုစုတတ်ကြောင်းဖော်ပြပါတယ်။သုတ္တံကျမ်း၃၁:၂၃မှာကိုယ့်ခင်ပွန်းကိုအများရှေ့မှာထင်ရှားစေတတ်သောသူ ဖြစ်ကြောင်းဖော်ပြပါတယ်။
၎။ကိုယ်ကျင့်တရားကောင်းမွန်ပါ။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၅:၁၀"ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူ...။
တိတု၂:၅"ဣနြေ္ဒစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊ "
၅။မပျင်းရိဘဲအလုပ်ကြိုးစားလုပ်ကိုင်ပါ။
သုတ္တံကျမ်း၃၁:၁၃-၁၉ထဲမှာဇနီးကောင်းတစ်ယောက်ဟာမိမိအိမ်ထောင်အတွက်စောစောထအလုပ်ကြိုးစားလုပ်ကိုင်တတ်သောသူဖြစ်ကြောင်းနဲ့သုတ္တံကျမ်း ၃၁:၂၇မှာပျင်းရိခြင်းမရှိကြောင်းဖော်ပြထားပါတယ်။
၆။သနားဂရုဏာတရားရှိပါ။
သုတ္တံကျမ်း၃၁:၂၀မှာဇနီးကောင်းဆိုတာဆင်းရဲငတ်မွတ်နေသူတွေကိုကူညီပေးကမ်းတတ်သောသူဖြစ်ကြောင်းဖော်ပြပါတယ်။
၇။ပညာ၊မေတ္တာရှိစွာပြောဆိုတတ်ပါ။
သုတ္တံကျမ်း ၃၁:၂၆မှာကောင်းသောမိန်းမဟာ "ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွတ်တတ်၏။"လို့ပြောပါတယ်။ဇနီးတယောက်ရဲ့အပြောအဆိုဟာအင်မတန်ဆင်ခြင်ရမယ့်အရာပါ။
၈။ဘုရားသခင်ကိုရိုသေကြောက်ရွံ့သူဖြစ်စေပါ။
သုတ္တံကျမ်း ၃၁:၃၀ "ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသော အဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။"
၉။မိမိခင်ပွန်းပေါ်သစ္စာရှိစွာဆက်ဆံပါ။
၁ကော၇:၃မှာ" မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ "ဆိုပါတယ်။အခြားသူနဲ့ဖောက်ပြန်ဖို့မဟုတ်ဘဲ၊တသက်လုံးဒီတယောက်ထဲအတွက်မိမိရဲ့ဆက်ဆံခြင်းဝတ်ကိုကျေရမှာဖြစ်ကြောင်းသွန်သင်ပါတယ်။
၁၀။အပြင်အလှထက်အတွင်းသန့်ရှင်းလှပခြင်းရှိစေပါ။
ရှင်ပေတရုဩဝါဒစာပဋ္ဌမစောင်၃:၃-၅ထဲမှာဇနီးကောင်းတစ်ယောက်ဟာအပြင်ပန်းဆင်မြန်းမှုတွေထက်အတွင်းစိတ်လှပသန့်ရှင်းဖို့တိုက်သွန်းထားသလို၊၁သက်၎:၃မှာလဲမတရားသောမေထုန်ကို ကြဉ်ရှောင်ပြီးသန့်ရှင်းစေဖို့မှာကြားထားပါတယ်။
အားလုံးအတွက်အကြိုးတက်ရောက်မယ်လို့မျှောလင့်ရင်း လက်ဆင့်ဝေငှပေးပါတယ်။
Ye Ming(ပတ္တမြားမြေ)
Ye Ming
Share:

ဒီနေ့ ဟာ ကျေးဇူးတော် ချီးမွမ်းမိတဲ့ နေ့ ပါ

၃လတခါပုံမှန် စစ်ဆေး ချိန်ကျရောက်လို့ အဖြေနားထောင်ချိန် ရင်တွေမော ခဲ့ပေမဲ့ ကောင်းမွန်တဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်
၂၀၁၇ မှာ ရင်သာကင်ဆာ အဆင့် ၄ ခံစားရသူဖြစ်ပြီး ဆေးနဲ့ ထိန်းချုပ်ကုသနေစဉ်မှာပဲ ၂၀၁၉ April မှာ ကင်ဆာ အသစ်တခု ကျွန်မရဲ့ နောက်ဘက်ဦးခေါင်း နဲ့ ညာဘက်ဦးခွံ တို့ မှာ ပြန်ပေါ်လာခဲ့ပါတယ်
အဲ့ဒီနေရာတွေကို ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ကုသခဲ့ရပြီး ဒီနေ့ ဟာတော့ဖြင့် အဖြေ နားထောင်ရတဲ့နေ့ ဖြစ်ပါတယ်
ခန္ဒာတခုလုံး မှာ ကောင်းတဲ့ အဖြေ ကို ရရှိ ခဲ့သလို စိတ်အပူရဆုံး ဦးခေါင်းပြသာနာမှာလဲ Healing အဖြေကို ရရှိခဲ့ပါတယ်
အသိနောက်ကျခဲ့လို့ သေတဲ့အထိ ကျွန်မကိုယ်ထဲမှာရှိနေမယ်လို့ ဆရာဝန်တွေပြောကြပေမဲ့လဲ ကျွန်မကတော့ ကျန်းမာသူဖြစ်ကြောင်းနေ့ ရက်တိုင်းဝနိခံအသက်ရှင်နေခဲ့ပါတယ်
စိတ်ဓါတ်ကျခဲ့မယ်ဆိုရင် ကျွန်မဟာ လောကကြီးထဲကနေ ထွက်သွားခဲ့ရတာကြာပါပြီ ဘုရားပေးတဲ့အသက်နဲ့ သူပေးတဲ့ခွန်အားကြောင့်သာ ဒီနေ့ ဒီအချိန်ထိ လူကောင်းအတိုင်းစားသောက်နေထိုင် နိုင်တာပါ
ငြိမ်သက်ပျော်ရွှင်ခြင်းကိုလဲ နေ့ရက်တိုင်းခံစားခဲ့ရပါတယ်
နိုင်ငံနဲ့ ဆရာဝန်တွေဘယ်လို ပဲကောင်းပေမဲ့ ကိုယ်တိုငိက စိတ်ဓါတ်မကျပဲ ဘဝရဲ့ တန်ဖိုး နဲ့ အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ကို သိရှိခဲ့လို အခုလို ကျန်းမာ တဲ့အဖြေ ရလဒ်ကို ရရှိခဲ့တာဖြစ်ကြောင်း သက်သေခံဝေမျှချင်ပါတယ်
To God Be The Glory 🎶🎶🎶
#MeeMeeKhel#BythegraceofGOD#15Aug2019

Share:

လိမ်နေမှန်းသိတယ်။ယုံနေတုန်းပဲ

ယူနီကုတ် 👉 နှုတ်ချိုတော့ ယာဉ်ကျေးတယ်တဲ့။ နောက်ကွယ်က အဆိပ်ကိုမမြင်တာခက်တယ်။
အယုံသွင်းပြီး လှည့်စားဝါးမျိုတာ သိထားသင့်တယ်။
ခက်တာက လိမ်နေမှန်းသိလျက်နဲ့ကို ယုံကြည်ချင်နေကြတယ်။ လှည့်စားမှန်းလည်းသိတယ်။ ဒါပေမဲ့ သဘောကျနေတုန်းပဲ။ နှုတ်ချိုစဉ်းလဲမှန်းလည်းမြင်တယ်။ လက်ခုပ်တီးအားပေးချင်နေတုန်းပဲ။ သိသိကြီးနဲ့မိုက်ချင်ကြတယ်။ ဦးနှောက်ကသိတယ်။ နှလုံးစသားကိုငြင်းမိတယ်။ ခြေထောက်က နောက်လိုက်နေမိတယ်။ မုသာနှုတ်ခမ်းကိုတော့ ပြုံးပြုံးလေးနဲ့ယာဉ်ကျေးပြတယ်။ အချစ်မှန်နဲ့ပြောနေသူကိုတော့ မျက်မှောင်ကုတ်ပြီး ခေါင်းခါငြင်းတယ်။ ဝါးမျိုဖို့ လျှာရည်လူးနေပြီးအချိုသတ်တာကို ပျော်တယ်လို့ခံစားတယ်။
မှားမှန်းသိတယ်။ ပြင်ဖို့ထက် လွှဲချဖို့ ဖုံးဖိဖို့ပဲစဉ်းစားမိတယ်။
စာတန်ဆိုတာ လျှာနှစ်ခွပြောသူ၊ ယာဉ်ကျေးပြီးလှည့်စားသူ။
ဘယ်သောအခါမှ မင်းကိုငါဝါးစားမယ်၊ သတ်မယ် မပြောဘူး။
တစ်ခါတစ်ရံ ကောင်းကြီးနဲ့မျှားယူတယ်။
ဧ၀ကိုလည်း မျက်စိပွင့်လာမယ်၊ ညာဏ်တွေတိုးပွားလာမယ်လို့ လှည့်စားခဲ့တယ်။ ယနေ့လည်း ပိုက်ဆံတိုးလာမယ်၊ အရပ်ထွက်လာမယ် သိပ်ပြောရင် သတိတော့ထားစရာပါ။ လိမ္မာယာဉ်ကျေးပြီး ပါးနပ်တယ်။
    Share:

    သင့်ဘဝထဲမှာ ဒုက္ခတွေသာမရှိခဲ့ရင်✝️✝️✝️

    သင့်ဘဝထဲမှာ ဒုက္ခတွေသာမရှိခဲ့ရင်✝️✝️✝️
    🌈 ဖာရောဘုရင်ရဲ့ခေါင်းမာတဲ့လုပ်ရပ်တွေမရှိရင်
    နမိတ်လက္ခ(၁၀)မျိုးကိုပြတဲ့အံဖွယ်
    တန်ခိုးကြီးတဲ့ဘုရားဆိုတာကိုမသိနိုင်သလို၊ ရိုးရိုးလေပြောသမျှနာခံရုံနဲ့ စီရင်ခြင်း
    ကလွတ်စေတဲ့ ပဿခါသိုးသငယ်အသား
    နဲ့ အသွေးအကြောင်းနားလည်နိုင်မှာမ
    ဟုတ်ဘူး။
    🌈 ပင်လယ်နီသာရှေ့မှာခံမနေခံရင် ?
    အံ့သြဖွယ်ဘုရားရဲ့ကျေးဇူးဆိုတဲ့
    လူဘက်ကဘာလုပ်ဆောင်ချက်မှပါစရာ
    မလိုတဲ့ပင်လယ်နီကိုနှစ်ချမ်းကွဲစေခဲ့တဲ့
    ကယ်တင်ခြင်းသက်သေခံစားရမှာမဟုတ်
    ဘူး။
    🌈 ကန္တရမှာအစာရေစာမပြတ်လပ်ခဲ့ရင် ?
    ကောင်းကင်ကရွာချပေးတဲ့မန္နမုန့်ဆိုတဲ့
    ဘုရားသခင်ဟာ အရာခပ်သိမ်းထောက်ပံ့
    ပေးနိုင်တယ် သူ့လူတွေအပေါ်အရာရာအ
    စစတာဝန်ယူလျှက်ရှိတယ်ဆိုတာသိနိုင်
    မှာမဟုတ်ဘူး။
    🌈 အကယ်၍သွားရလွယ်တဲ့လမ်းဖြစ်ပြီးကမ်း
    မမြင်လမ်းမမြင်၊ အပြောကျယ်တဲ့
    ကန္တာရမဟုတ်ခဲ့ရင်။
    နေပူချိန်မှာ တိမ်မိုးပေးတယ်
    ညမှောင်ချိန်မှာအလင်းပေးတယ်
    လမ်းပျောက်ချိန်မှာသွားရမဲ့လမ်းကိုပြပေး
    တဲ့ဘုရားသခင်ရဲ့သူ့လူအပေါ်ဒီလိုဂရုတ
    စိုက်ကြည့်ရှုပြုစုနေပါလားဆိုတာကိုသိနိုင်
    မှာမဟုတ်ဘူး။
    🌈 သောက်စရာရေပြတ်ပြီးမာရအရပ်က
    ရေဟာခါးမနေခဲ့ရင်
    ခါးတဲ့ရေကိုချိုစေတဲ့ လူ့အနေနဲ့မဖြစ်နိုင်
    ဘူးလို့ထင်တဲ့အရာတွေဟာဘုရားအား
    ဖြင့်အရာခပ်သိမ်းဖြစ်နိုင်တယ်ဆိုတာသဘောပေါက်လိုက်မှာမဟုတ်ဘူး။
    🌈 ပညတ်တရားဆိုတာကိုမရခဲ့ရင်
    အမှားအယွန်း ခြေချော်မှုတွေနဲ့ လွဲမှားမှု
    တွေနဲ့ အတူ လူဟာဘုရားအားဖြင့်မဟုတ်
    ရင်ဘယ်တော့မှပြည့်စုံ စုံလင်မှာမဟုတ်
    ဘူးဆိုတာ နားလည်လိုက်မှာမဟုတ်ဘူး။
    🌈 ဧဒုံပြည်နားဆိုတဲ့လမ်းဟာ ခက်ခဲကြမ်းတမ်းတဲ့
    ခရီးကနေမဖြတ်သန်းဖူးခဲ့ရင်
    ဘယ်အခြေအနေမဆိုဘုရားကအတူရှိတယ်ဆိုတာ နားလည်သဘောပေါက်မိမှာမဟုတ်ဘူး။
    🌈 အကယ်၍ယောဒန်မြစ်သာရေစီးမသန်ခဲ့ဘူးဆိုရင်
    ဘုရားစကားအပေါ်စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့စိတ်ချခြင်း
    ကိုးစားခြင်းထွက်လာမှာမဟုတ်ဘူး။
    ခါနန်ပြည်ဝင်ခါနီးဆိုတဲ့ဂတိတော်ပြည့်စုံလာ
    ခါနီးမှာဘယ်သူမဆိုယော်ဒန်မြစ်နဲ့ကြုံရမယ်။
    🌈 သင့်ဘဝထဲမှာ လည်း ဒုက္ခတွေသာ မရှိခဲ့ ရင် ?
    သို့ပါသောကြောင့်
    ဖြစ်သမျှအကြောင်းဝိညာဉ်ကောင်းဖို့ဖြစ်တဲ့အတွက်
    ငြီးတွားမနေပဲ၊ ဘယ်သူကိုမှအပြစ်မတင်ပဲ အကောင်း
    ဆုံးသောဘုရားရဲ့အကြံအစည်တော်အတွက်စိတ်ချပြီး
    အသက်ရှင်သောသူတွေဖြစ်ကြပါစေ။
    ကောင်းကင်သားတို့ဆုံဆည်းရာ
    Post အပောာင်းလင့်နိမ့်ပါ
    Share:

    အသင်းတော်သမိုင်း အနှစ်ချုပ်

    အသင်းတော်သမိုင်း အနှစ်ချုပ် December 25, 2009

    ဘီစီလေးတွင် ယေရှုဘုရားလူ့ဇာတိခံယူခဲ့ပြီး အေဒီ ၂၆ ခန့်မှစ၍ သုံးနှစ်တာ သာသနာပြုခဲ့ကာ အေဒီ သုံးဆယ်ခန့်၌ ကားတိုင်ထက်တွင် လူသားအားလုံး၏ အပြစ်အတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပြီး တပည့်တော်များနှင့် ရက်ပေါင်းလေးဆယ်အတူနေထိုင်ခဲ့ကာ သံလွင်တောင်မှတဆင့် မိမိကြွမြန်းလာရာကောင်းကင်ဘုံသို့ ငါးရာမကသော လူများ၏ရှေ့မှ ပြန်လည် တက်ကြွသွားခဲ့ပါသည်။
    ယေရှုဘုရား ကောင်းကင်ဘုံသို့ တက်ကြွသွားပြီး တပည့်တော် တရာ့နှစ်ဆယ် တို့သည် ယေရှုဘုရား မှာထားတော်မူ ခဲ့သည့်အတိုင်း ယေရုရှလင်မြို့အထက်ခန်းမတွင် လောကသို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာချိန်အထိ ကြိုးစားလျက် ဆုတောင်းစောင့်နေခဲ့ပါသည်။ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များသည် သန့်ရှင်း သောဝိညာဉ်တော်ကို ခံယူခဲ့ကြပြီး ဝိညာဉ်တော် အရှိန်အဟုန်ဖြင့် ယေရုရှလင်မြို့ မှစတင်ကာ ဧဝံဂေလိ သတင်းစကားကို ဟောကြား သက်သေခံခဲ့ကြပါသည်။ ထိုသတင်းစကားအတွက် တမန်တော်များ အားလုံးနီးပါး အသက်ပေးခဲ့ကြရပါသည်။
    တမန်တော် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် သာသနာပြုရင်း မာတုရများ အဖြစ် အေဒီ ၆၅ ခန့်တွင် အသတ်ခံရပြီးချိန်၌ ခရစ်ယာန် အသင်းတော်များတို့သည် မြေထဲပင်လယ်ဝန်းကျင်တလျောက်တွင်၎င်း၊ အီဂျစ်ပြည်မှ ရောမနှင့် စပိန်အထိနှံ့ ပြားခဲ့ပါသည်။ ၄င်းအပြင် ရောမအင်ပါယာ၏ အပြင်ပဖြစ်သော အရှေ့ဘက်နိုင်ငံ များ၌လည်း အသင်းတော်များ ရှိကြပြီးဖြစ်ပါသည်။ အိန္ဒိယတောင်ပိုင်း အသင်းတော်ကို တမန်တော် သောမမှ တည်ထောင်ခဲ့သည်ဟုဆိုပါသည်။ ထိုအေဒီ၆၅ ခုနှစ်အတွင်း၌ပင် တကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိ နှံ့ပြားရေး လုပ်ငန်းသည် ကောင်းစွာစတင် ခဲ့ပြီဆိုသည်ကို တွေ့မြင်ရပါလိမ့်မည်။
    ကနဦးအသင်းတော်များသည် ပထမရာစုတွင် နီရိုးဘုရင်(အေဒီ ၆၄)၏ ရက်စက်စွာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါသည်။ နီရိုးဘုရင်သည် ရောမမြို့ကြီးကို ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူ့ကိုပြန်လည်တော်လှန်နိုင်ခြင်းငှါ မစွမ်းနိုင်သော အားနည်းသည့် ခရစ်ယာန်များ၏ လက်ချက်ဟုယိုးစွပ်ကာ ခရစ်ယာန်များကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသည်။ နီရိုးဘုရင်သည် ခရစ်ယာန်များတို့ကို အရှင်လတ်လတ်မီးရှို့လျက် လူသားမီးရှူးတိုင်များပြုလုပ်ကာ ဘုရင်၏ဥယျာဉ်၌ ပွဲခံခဲ့သည့် စိတ်မငြိမ်သက် သူဟူ၍ ၄င်း၊ စိတ်မနှံ့သူဟူ၍ ၄င်း သတ်မှတ်ခံခဲ့ရသော မင်းတစ်ပါးလည်းဖြစ်ပါသည်။
    ဒုတိယရာစုတွင် ရောမရှင်ဘုရင်၏ရုပ်တုကို ခရစ်ယာန်များက မကိုးကွယ်သည့်အတွက် နှိပ်စက်ညှင်းပန်း အသေသတ်ခြင်း ခံခဲ့ရကာ တတိယရာစုတွင် ကြီးထွားလာသော ခရစ်ယာန်တို့အား နိုင်ငံရေးအရ တစ်နေ့တော်လှန်ပုန်ကန် လိမ့်မည်ဟူသော အမြင်ဖြင့် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ကြပြန်ပါသည်။ ကနဦး အသင်းတော်၏ ခရစ်ယာန်များတို့သည် ခေါင်းဖြတ်အသတ် ခံရခြင်း၊ မီးနှင့် ကင်မြှိုက်၍အသတ်ခံရခြင်း၊ သံညှပ်များဖြင့် အပိုင်းပိုင်းကိုက်ဖြတ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ သားရဲတိရစ္ဆာန်တို့၏ အစာအဖြစ်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာ ကွပ်မျက်ခြင်း ခံခဲ့ရပါသည်။ သို့သော် ခရစ်ယာန်များ လျော့မသွားသည့် အပြင် တိုးလို့သာလာခြင်းက ရောမအစိုးရကိုပင် တုန်လှုပ်စေခဲ့ပါသည်။
    အေဒီ ၃၁၂ တွင် ရောမ၌ ကွန်စတင်တိုင်း ဘုရင်ဖြစ်လာခဲ့ပါသည်။ ၄င်းသည် တိုက်ပွဲများဆင်နွဲရင်း အရေးကြီးဆုံးသော နောက်ဆုံးတိုက်ပွဲကြီးမတိုင်မီတစ်ညတွင် ထူးဆန်းသော အိပ်မက်ရူပါရုံတစ်ခုကို မြင်မက်ခဲ့ပါသည်။ ထိုအိပ်မက်၌ လက်ဝါး ကပ်တိုင်ကြီး တစ်ခုကိုရှုမြင်ရပြီးလျှင် ကြားရသောအသံကား၊ ဤအထိမ်းအမှတ်အားဖြင့် သင်သည်အောင်မြင်လိမ့်မည်ဟု ဖြစ်၏။ ထို့ကြောင့် ၄င်း၏ စစ်အသုံးအဆောင်များတို့၌ ကားတိုင် တံဆိပ်ခပ်နှိပ်စေလျက် တိုက်ပွဲဝင်ခဲ့ရာ ၄င်း၏ အစိုးရိမ်ဆုံးသော နောက်ဆုံး တိုက်ပွဲကို အောင်မြင်ခဲ့ပါသည်။ ထို့နောက် အေဒီ၃၁၃ တွင် မီလန်အမိန့်တော် ရာဇသံကို ကွန်စတင်တိုင်းမှ ထုတ်ပြန်လိုက်ပြီး ထိုအမိန့်တော်မှာ လူများတို့အား မိမိကြိုက်နှစ်သက် ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ဟူ၍ဖြစ်ပါသည်။
    ကွန်စတင်တိုင်းသည် ရောမနိုင်ငံတွင် မထမဦးဆုံးသော ခရစ်ယာန်ဘုရင် ဖြစ်လာသကဲ့သို့ ရောမအင်ပါယာတစ်ခုလုံးလည်း ခရစ်ယာန် အင်ပါယာဖြစ်လာ ခဲ့ပါသည်။ ကွန်စတင်တိုင်းဘုရင်သည် ခရစ်ယာန် မြို့တော်သစ် ဖြစ်သည့် အီစတမ်ဘူလ် ဟူ၍ခေါ်သော ကွန်စတင်တီနိုပယ်လ်မြို့သစ်ကြီးကိုလည်း တည်ဆောက်ခဲ့ပါသည်။ ရောမစစ်တပ်များတွင်လည်း ခရစ်တော်ဟု အဓိပ္ပါယ်ရှိသော စာလုံးကို ဟေလသအက္ခရာဖြင့် အလံများတွင် ရေးသားအသုံးပြုခဲ့ကြပါသည်။ ကွန်စတင်တိုင်းဘုရင်ခရစ်ယာန်ဖြစ်ပြီး မကြာမီပင် တနင်္ဂနွေနေ့ကို ဝတ်ပြုရာနေ့နှင့် အများနှင့်ဆိုင်သောအားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။
    အေဒီ ၅၉၀ တွင် ရိုမန်ကက်သလစ်အသင်းတော်ကို ပုပ်ရဟန်းမင်းကြီး ဂရယ်ဂိုရီက တည်ထောင်အစပြုခဲ့ပြီး ရောမအင်ပါယာ တန်ခိုးကြီးချိန်ဖြစ်၍ အနောက်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ ကနဦး သုံးရာစုအတွင်း ခရစ်ယာန်များတို့ သည် ယေရှုကို အသက်ပေး ကိုးကွယ်ခဲ့ကြသလို ခရစ်ယာန်ဟု အမည်ခံဖို့ မိမိ၏ အသက်အိုးအိမ်စည်းစိမ်များအားလုံးကို စွန့်ခဲ့ကြရပါသည်။ သို့သော်သုံးရာစု နောက်ပိုင်း ခရစ်ယာန်ဘာသာသည် လူအများကိုးကွယ်သော ဘာသာ၊ အာဏာရှိသော ဘာသာနှင့် နိုင်ငံတော်ဘာသာတစ်ခု ဖြစ်လာသောအခါ သာ၍ ဘာသာပြောင်းလာသူများ၊ အာဏာ ရလို၍ ဘာသာပြောင်းလာသူများ တို့နှင့် သမ္မာတရားကို သိကျွမ်းခြင်းမရှိသော အတု အယောင် ခရစ်ယာန်များ ဖြစ်လာကြပါသည်။ အသင်းတော်သည်လည်း လောကီဆန် လာပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် လွဲမှားသောအယူဝါဒများစွာ တို့သည်လည်း အသင်းတော်တွင်းသို့ ဝင်ရောက် လာပါသည်။ ထိုအယူဝါဒများဖြင့် ခရစ်ယာန် အချင်းချင်း ပြဿနာများ ဖြစ်ခဲ့ကြပါသည်။ သုံးပါးတစ်ဆူဘုရားဆိုင်ရာ သွန်သင်မှု အလွဲများနှင့် ယုံကြည်ခြင်းဆိုင်ရာ လွဲမှားသောဩဝါဒများ ရှိလာပါသည်။
    ထို့နောက် အေဒီ ၆၀ဝ ခန့်တွင် မွတ်ဆလင်ဘာသာပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်းသုံးရာကျော်အတွင်း ဥရောပ တိုက်တစ်ခုလုံး နီးနီးကို မွတ်ဆလင်တပ်များက နယ်ချဲ့သိမ်းပိုက်ခဲ့ရာတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း ပါသွားခဲ့ပါသည်။ ထို့ကြောင့် အေဒီ ၁၀ဝ၀ ခန့်တွင် ကက်သလစ်ခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည့် ပြင်သစ်နှင့်ဂျာမဏီတို့ဦးဆောင်ပြီး မွတ်ဆလင်တပ်များကို တိုက်ထုတ်ခဲ့သော ခရုစိတ်စစ်ပွဲကြီး ဖြစ်ပွါးခဲ့ပြန်ပါသည်။ ခရစ်ယာန်နိုင်ငံများတို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။
    ခရုစိတ်ခေါ် ဘာသာရေးစစ်ပွဲကြီးပြီးသည့်နောက် ရောမနှင့် ဂရိတို့ အာဏာပြိုင်မှုနှင့် အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့ကြသည်။ ဂရိလူမျိုးများက ကျမ်းစာကို ဂရိလိုရေးပြီး ဂရိဘာသာစကားဖြင့် စာသင်ကြားခြင်းကြောင့် ၄င်းတို့သည် မူရင်း ခရစ်ယာန်များဖြစ်ကြသည်ဟု ဆို၏။ ရောမတို့သည် ဂရိဘာသာစကားဖြင့် ပညာသင်ကြားနေရသော်လည်း အာဏာကြီးစိုးမှုတွင် ရောမတို့ကသာသဖြင့် ဂရိတို့က လက်မခံလိုကြပေ။ ဂရိတို့က ဗာတီကန်သည် ယိုယွင်းပျက်စီးနေသည်ဟုမြင်ပြီး ပုပ်ရဟန်းမင်းကြီးကိုလည်း အယုံအကြည်မရှိသောကြောင့် အရှေ့တိုင်းဂရိများက အနောက်တိုင်းရောမမှ ခွဲထွက်ခဲ့ကြပါသည်။
    ရိုမန်ကက်သလစ်က ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စသည့်နိုင်ငံတို့ကို ရောမလက်အောက်ခံဖြစ်အောင်ကြိုးစားသည်။ ဂရိတို့ကလည်း ရုရှားတခွင်ကိုချဲ့ထွင် ကာ ရုရှား အော်သိုဒေါက် အသင်းတော်များကို တည်ထောင်ခဲ့ပါသည်။ ရုရှားမှတဆင့် ဟော်လန်၊ ယူကရေးနီးယား တို့ကိုလွှမ်းမိုးနိုင်ခဲ့သည်။ ယနေ့တိုင် အနောက်ဥရောပ သည် ရိုမန်ကက်သလစ်၏ လွှမ်းမိုးမှု အောက်တွင်ရှိပြီး၊ အရှေ့ဥရောပမှာ ရုရှား အော်သိုဒေါက်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြပါသည်။ အထက်ပါ အကြောင်းတို့ ကြောင့် ရောမနှင့် ဂရိတို့သည် ခရုစိတ်စစ်ပွဲပြီးချိန်တွင် ဂိုဏ်းကွဲခဲ့ကြရပါသည်။
    ထို့နောက် အေဒီ ၁၅၁၇ တွင် မာတင်လူသာ၏ ခရစ်ယာန်ဘာသာပြုပြင် ပြောင်းလဲခြင်း ဖြစ်ပေါ်လာကာ ပရိုတက်စတင့် အသင်းတော်များပေါ်ထွက်လာသည်။ မာတင်လူသာသည် ဂျာမဏီလူမျိုး ကာသိုလိပ်အသင်းတော်မှ ဘုန်းကြီးတစ်ပါးဖြစ်ပါ သည်။ ရောမကာသိုလိပ်အသင်းတော်၏ ဩဝါဒများနှင့် လုပ်ဆောင်မှုများ မှားယွင်းနေကြောင်းကို ထောက်ပြပြီး လူသာရင် အသင်းတော်ကို ပေါ်ထွက်စေခဲ့သူ ဖြစ်ပါသည်။၎င်းနောက် ပြင်သစ်လူမျိုး ကယ်လ်ဗင် ကလည်း ပြုပြင်ပြောင်းလဲသော အသင်းတော်(Reformed Church) ကိုတည်ထောင်ခဲ့ ပါသည်။ ဂျွန်နောက် (John Knox) စကော့တလန်ကလည်း ပရက်ဗီတေးရီးယန်းအသင်းတော်ကို တည်ထောင်ခဲ့ ပါသည်။ အင်္ဂလန် ရှင်ဘုရင်ကလည်း အင်္ဂလီကန် အသင်းတော်ကို စတင်ခဲ့ပါသည်။ ဂျွန်ဝက်စလီကလည်း မက်သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သကဲ့သို့ ဂျွန်စမစ်၏ ဦးဆောင်မှုအောက်တွင် နှစ်ခြင်းအသင်းတော်ကို တည်ထောင်ခဲ့ကြ၏။ ဤအသင်းတော် မျာ အားလုံးသည် အေဒီ ၁၅၁၇ မှအေဒီ ၁၆၀ဝ အတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ သည်။
    အေဒီ ၁၈၀ဝ ခန့်တွင် ဝိညာဉ်နိုးထမှုများရှိလာကာ သာသနာပြုခြင်းများ ထပ်မံ ပေါ်ပေါက်လာသည်။ ဝီလျံကယ်ရီသည် အိန္ဒိယသို့၎င်း ဆရာကြီး ယုဒသန်သည် မြန်မာပြည်သို့၎င်း သာသနာပြုခဲ့ကြပါသည်။ ထို့နောက် သာသနာပြုများစွာ ပေါ်ထွက် လာခဲ့ပြီး အာရှ၊ အာဖရိက၊ တောင်အာဖရိက၊ တောင်အမေရိကအထိ အသင်းတော်များ ပျံ့နှံ့ပေါ်ထွက်လာခဲ့ပါသည်။
    အေဒီ ၁၉၀ဝ အစပြုချိန်တွင် အမေရိကန် Kansas ပြည်နယ်Topeka မြို့တွင် လူအချို့စုဝေးကာ ဆုတောင်းခဲ့ရာမှ အထက်ခန်းမ ၌ တပည့်တော်တို့ ခံစားရသကဲ့သို့ ဝိညာဉ်တော်နိုးထမှု ဖြစ်ပေါ်လာခဲ့သည်။ ထိုနိုးထမှုဖြင့်သာသနာပြုခဲ့ကြရာမှစပြီး ဂိုဏ်းဂဏအသီးသီးသို့ ဝိညာဉ်တော်နိုးထမှုပျံ့နှံ့လာခဲ့သည်။ အေဒီ ၁၉၃၀ တွင် ဝိညာဉ် တော်နိုးထမှုရှိသော သူများစုပေါင်းပြီး Assembly of God (AoG) အသင်းတော်ကို ထူထောင်ခဲ့သည်ဟု သိရပါသည်။
    ဒုတိယကမ္ဘာစစ်အပြီး ကွဲပြားနေသော ခရစ်ယာန်တို့အား ပြန်လည်စည်းရုံးနိုင် ရန် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ဧဝံဂေလိမိဿဟာရဟု ခေါ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ၁၉၅၀ တွင် World Council of Churches (W.C.C) ကိုဖွဲ့စည်းခဲ့ကာ ၄င်းအဖွဲ့တွင် လစ်ဘရယ်ဝါဒကို လက်ခံသော အသင်းတော် များပါဝင်လာပါသည်။ လစ်ဘရယ်ဝါဒတွင် သုံးပါးတစ်ဆူဘုရားဆိုင်ရာ မတူညီသော ဩဝါဒများနှင့် ကယ်တင်ခြင်းဆိုင်ရာ မတူညီသော ဩဝါဒများ ရှိကြပါသည်။ (သေဆုံး ပြီးသူများအတွက် ကောင်းမှုပြုပေးခြင်းနှင့် ကောင်းရာဘုံသို့ရောက်ဖို့ ဆုတောင်းပေးခြင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းရဖို့သွန်သင်ခြင်း၊ ဘာသာတရားတိုင်းတွင် ယေရှု ဘုရား အသွင်တစ်မျိုးစီဖြင့်ရှိပြီး ဘာသာတရားတိုင်းတွင် ကယ်တင်ခြင်းတရားရှိသည်ဟု ဆိုခြင်း) ယနေ့ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ခရစ်ယာန်များဖြစ်ကြပြီး ခရစ်ယာန် ၈၀% သည်(W.C.C) အဖွဲ့ဝင်များဖြစ်ကြကာ ကျန် ၂၀% သော ခရစ်ယာန်များ တို့သည့် World Evangelical Fellowship (W.E.F) ၏အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ (W.E.F) အဖွဲ့ဝင်များမှာ သုံးပါးတစ်ဆူဘုရားနှင့် ယေရှုအားဖြင့်သာလူသားတိုင်း ခမည်းတော်ထံသို့ ရောက်နိုင်သည်ဟူသော သမ္မာတရားကို လက်ခံယုံကြည်သော ခရစ်ယာန်ဂိုဏ်းဂဏများအားလုံး ပါဝင်ပါသည်။ အထက်ပါ အဖွဲ့အစည်းနှစ်ခုအား လစ်ဘရယ် ခရစ်ယာန်နှင့် ဧဝံဂေလိခရစ်ယာန် ဟူ၍လည်း ခေါ်ကြပါသည်။
    Share:

    village

    အိပ်ရာမဝင်ခင် ဆုတောင်းပါ
    အိပ်ရာမဝင်ခင် ဆုတောင်းပါ။
    သင့်ဒေါသတွေ ၊ သင့်မျှော်လင့်ချက်တွေ ၊ သင့်သောကတွေ ၊ သင့်ရဲ့ အစီအစဉ်တွေ ၊ စိတ်ကူးတွေ ၊
    သင်ကြုံခဲ့ရသမျှတွေ ၊ သင်တွေဝေနေတာတွေ ၊ သင်ကြောက်ရွံ့ ရတာတွေ ၊ မနက်ဖြန်အတွက် စိုးရိမ်နေရတာတွေ
    ဒါတွေအားလုံးကို ဘုရားသခင်ဆီပြောပြလိုက်ပါ။
    ဘုရားသခင်ဆီကို ရင်ဖွင့်ပြလိုက်ပါ။
    လူတွေဟာပြောင်းလဲတတ်တယ်။
    လောကမှာအလုံခြုံဆုံးရင်ခွင် နေရာ ၊ သစ္စာအရှိဆုံးမိတ်က ဘုရားသခင်ဖြစ်နေလို့ပါပဲ။
    ခွင့်လွတ်လိုက်ပါ ၊ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့ ၊
    ဘုရားသခင်ဟာ သင့်အပြစ်တွေကို ခွင့်လွတ်သလိုမျိုး သင့်အပေါ် အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်နာကျင်စေတဲ့လူတွေအပေါ်ခွင့်လွတ်လိုက်ပါ။
    မထိုက်မတန်ဘဲ သခင်ယေရှုကြောင့် ဘုရားသခင်က သင့်ကိုခွင့်လွတ်ခဲ့တယ်။
    ဒီကျေးဇူးတော် ကို သတိရပါ။
    သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ (ရှင်မဿဲခရစ်ဝင် 6:14)
    သင့်ရဲ့မနက်ဖြန်တွေအတွက် ဘုရားသခင်ဆီအပ်နှံလိုက်ပါ။
    လောကမှာ သင်မထိန်းချုပ်နိုင်တဲ့အရာတွေအများအပြားရှိတယ်။
    အရာရာကို ဖန်ဆင်းပိုင်သအုပ်စိုးတဲ့ အရှင် ဘုရားသခင်ထံ အပ်နှံလိုက်ပါ။
    ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ (သုတ္တံကျမ်း 3:5)
    ဘုရားသခင်ဟာ သင့်အရေးကိစ္စမှန်သမျှကို ဂရုစိုက်တယ်။
    ဘုရားသခင်ဆီအပ်နှံလိုက်ပါ။
    လူသွားလာသမျှသော လမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ ၍၊ သွားလာသမျှသော အခြင်း အရာတို့ကို စူးစမ်းတော်မူ၏။ (သုတ္တံကျမ်း 5:21)
    ပြီးတော့ အိပ်စက်လိုက်ပါ။
    Share:

    Ordered List

    1. Lorem ipsum dolor sit amet, consectetuer adipiscing elit.
    2. Aliquam tincidunt mauris eu risus.
    3. Vestibulum auctor dapibus neque.

    Sample Text

    Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

    Definition List

    Definition list
    Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
    Lorem ipsum dolor sit amet
    Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.

    Support

    Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

    Pages