သင့်ဒေါသတွေ ၊ သင့်မျှော်လင့်ချက်တွေ ၊ သင့်သောကတွေ ၊ သင့်ရဲ့ အစီအစဉ်တွေ ၊ စိတ်ကူးတွေ ၊
သင်ကြုံခဲ့ရသမျှတွေ ၊ သင်တွေဝေနေတာတွေ ၊ သင်ကြောက်ရွံ့ ရတာတွေ ၊ မနက်ဖြန်အတွက် စိုးရိမ်နေရတာတွေ
ဒါတွေအားလုံးကို ဘုရားသခင်ဆီပြောပြလိုက်ပါ။
ဘုရားသခင်ဆီကို ရင်ဖွင့်ပြလိုက်ပါ။
လူတွေဟာပြောင်းလဲတတ်တယ်။
လောကမှာအလုံခြုံဆုံးရင်ခွင် နေရာ ၊ သစ္စာအရှိဆုံးမိတ်က ဘုရားသခင်ဖြစ်နေလို့ပါပဲ။
ဘုရားသခင်ဟာ သင့်အပြစ်တွေကို ခွင့်လွတ်သလိုမျိုး သင့်အပေါ် အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်နာကျင်စေတဲ့လူတွေအပေါ်ခွင့်လွတ်လိုက်ပါ။
မထိုက်မတန်ဘဲ သခင်ယေရှုကြောင့် ဘုရားသခင်က သင့်ကိုခွင့်လွတ်ခဲ့တယ်။
ဒီကျေးဇူးတော် ကို သတိရပါ။
သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ (ရှင်မဿဲခရစ်ဝင် 6:14)
လောကမှာ သင်မထိန်းချုပ်နိုင်တဲ့အရာတွေအများအပြားရှိတယ်။
အရာရာကို ဖန်ဆင်းပိုင်သအုပ်စိုးတဲ့ အရှင် ဘုရားသခင်ထံ အပ်နှံလိုက်ပါ။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ (သုတ္တံကျမ်း 3:5)
ဘုရားသခင်ဆီအပ်နှံလိုက်ပါ။
လူသွားလာသမျှသော လမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ ၍၊ သွားလာသမျှသော အခြင်း အရာတို့ကို စူးစမ်းတော်မူ၏။ (သုတ္တံကျမ်း 5:21)
#ကောင်းကင်သားတို့ဆုံဆည်းရာ









No comments:
Post a Comment