ဒီနေ့ ဟာ ကျေးဇူးတော် ချီးမွမ်းမိတဲ့ နေ့ ပါ
၃လတခါပုံမှန် စစ်ဆေး ချိန်ကျရောက်လို့ အဖြေနားထောင်ချိန် ရင်တွေမော ခဲ့ပေမဲ့ ကောင်းမွန်တဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်၂၀၁၇ မှာ ရင်သာကင်ဆာ အဆင့် ၄ ခံစားရသူဖြစ်ပြီး ဆေးနဲ့ ထိန်းချုပ်ကုသနေစဉ်မှာပဲ ၂၀၁၉ April မှာ ကင်ဆာ အသစ်တခု ကျွန်မရဲ့ နောက်ဘက်ဦးခေါင်း နဲ့ ညာဘက်ဦးခွံ တို့ မှာ ပြန်ပေါ်လာခဲ့ပါတယ်
အဲ့ဒီနေရာတွေကို ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ကုသခဲ့ရပြီး ဒီနေ့ ဟာတော့ဖြင့် အဖြေ နားထောင်ရတဲ့နေ့ ဖြစ်ပါတယ်
ခန္ဒာတခုလုံး မှာ ကောင်းတဲ့ အဖြေ ကို ရရှိ ခဲ့သလို စိတ်အပူရဆုံး ဦးခေါင်းပြသာနာမှာလဲ Healing အဖြေကို ရရှိခဲ့ပါတယ်
အသိနောက်ကျခဲ့လို့ သေတဲ့အထိ ကျွန်မကိုယ်ထဲမှာရှိနေမယ်လို့ ဆရာဝန်တွေပြောကြပေမဲ့လဲ ကျွန်မကတော့ ကျန်းမာသူဖြစ်ကြောင်းနေ့ ရက်တိုင်းဝနိခံအသက်ရှင်နေခဲ့ပါတယ်
စိတ်ဓါတ်ကျခဲ့မယ်ဆိုရင် ကျွန်မဟာ လောကကြီးထဲကနေ ထွက်သွားခဲ့ရတာကြာပါပြီ ဘုရားပေးတဲ့အသက်နဲ့ သူပေးတဲ့ခွန်အားကြောင့်သာ ဒီနေ့ ဒီအချိန်ထိ လူကောင်းအတိုင်းစားသောက်နေထိုင် နိုင်တာပါ
ငြိမ်သက်ပျော်ရွှင်ခြင်းကိုလဲ နေ့ရက်တိုင်းခံစားခဲ့ရပါတယ်
နိုင်ငံနဲ့ ဆရာဝန်တွေဘယ်လို ပဲကောင်းပေမဲ့ ကိုယ်တိုငိက စိတ်ဓါတ်မကျပဲ ဘဝရဲ့ တန်ဖိုး နဲ့ အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ကို သိရှိခဲ့လို အခုလို ကျန်းမာ တဲ့အဖြေ ရလဒ်ကို ရရှိခဲ့တာဖြစ်ကြောင်း သက်သေခံဝေမျှချင်ပါတယ်
To God Be The Glory 🎶🎶🎶
#MeeMeeKhel#BythegraceofGOD#15Aug2019
https://www.facebook.com/357886474940159/posts/455323101863162?s=100004635134863&sfns=mo









No comments:
Post a Comment