ထာဝရဘုရား၏သမ္မာကျမ်းစာ"




ကမ္ဘာကိုမည်သည့်အရာက ထောက်မထားသနည်း။

ရှေးခေတ်ကလူတို့သည် စကြဝဠာနှင့်ပတ်သတ်၍ ကမ္ဘာသည်မည်သည့်အရာပေါ်တွင်တည်နေသနည်း။နေလကြယ်များကိုမည်အရာက ထောက်မထားသနည်းဟူသည့်အခြားမေးခွန်းများကြောင့် ခေါင်းရှုပ်ခဲ့ကြသည်။သူတို့သည် အိုက်ဇက်နယူတန်က ပုံသေနည်းဖြင့်ဖော်ပြခဲ့သော ၁၆၈၇ ခုနှစ်တွင် ထုတ်ဝေလိုက်သည့် စကြဝဠာ၏ ဆွဲငင်အား နိယာမအကြောင်းမသိခဲ့ကြပါ။အမှန်မှာကောင်းကင်တန်ဆာများသည် ဘားမှမရှိသည် ဗလာနယ် အာကာသတွင် တွဲလဲနေသည်ဟူသော သဘောတရားကို သူတို့မသိကြပါ။ထို့ကြောင့် သူတို့၏ရှင်းပြချက်များက ကိုင်တွယ်၍ရသော ဒြပ်ဝတ္ထုများ သို့မဟုတ် ပစ္စည်းများသည်ကမ္ဘာနှင့်အခြားကောင်းကင်တန်ဆာများကို ထောက်မကာ အပေါ်သို့မြှောင့်ပေးထားသည်ဟု တင်ပြလေ့ရှိသည်။

ရှေးသီအိုရီတစ်ခုက ကမ္ဘာသည် ရေပတ်လည်ဝိုင်းနေပြီး ရေပေါ်တွင် ပေါလောမျှောနေသည်ဟုဆိုသည်။ကမ္ဘာသည်အထပ်ထပ်ဆင့်ထားသည့် အခုအခံအုပ်မြစ်များစွာပေါ်တွင်တည်ထားကြောင်း
ဟိန္ဒူတို့အယူအဆရှိသည်။၎င်းမှာ ကမ္ဘာသည် ဆင်လေးကောင်ပေါ်တွင် တည်နေပြီး ဆင်များသည် ဧရာမလိပ့်ကြီးပေါ်တွင်ရပ်နေသည်။ထိုလိပ့်ကြီးသည် မြွေကြီးတစ်ကောင်ပေါ်တွင်ရပ်နေသည် ထိုခွေနေသောမြွေကြီးသည် အပြောကျယ်သော ရေပြင်ပေါ်တွင် ပေါလောမျောနေ၏။ဘီ..စီ..အီး..ပဉ္စမရာစုမှ ဂရိဒဿနပညာရှင် အင်မ်ပက်ဒကလက်က ကမ္ဘာသည်ကောင်းကင်တန်ဆာများရွေ့လျှားမှုကြောင့် ဖြစ်ပေါ်လာသော လေပွေတစ်ခုပေါ်တွင် တည်နေသည်ဟုယုံကြည်သည်။

[ယင်းတို့တွင်အလွှမ်းမိုးဆုံးအယူအဆများမှာ အရစ္စတိုတယ်၏ အယူဆများဖြစ်သည်။ကမ္ဘာသည် စက်လုံးဖြစ်သည်ဟုသူယူဆခဲ့သော်လည်း ဗလာနယ်အာကာသတွင်တွဲလောင်းနေနိုင်သည်ဟူသည့်အချက်ကိုမူငြင်းပယ်ခဲ့သည်။]

ကောင်းကင်တွင်အမည်ရှိသူ၏ ဋီကာကျမ်း၌ ကမ္ဘာသည်ရေပြင်ပေါ်တွင် တည်နေသည်ဟူသည့် အယူအဆအား မှားယွင်းကြောင်းချေပရာတွင် ဤသို့ဆိုသည်-
"ရေ၏သဘာဝမှာ ကမ္ဘာကဲ့သို့ပင် လေထဲလွင့်မနေတတ်ပေ၊
ယင်းသည် တစ်ခုခုပေါ်တွင်တည်နေရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် ကမ္ဘာသည် မည်သည့်အရာပေါ်တွင်တည်နေသနည်း။နေ၊လနှင့်ကြယ်တို့ကိုအလင်းထုတ်ချင်းဖောက်သောအစိုင်အခဲ စက်လုံးများ၏မျက်နှာပြင်တွင် ချိတ်ဆွဲထားသည်ဟု အရစ္စတိုတယ်က သွန်သင်သည်။စက်လုံးထဲတွင်စက်လုံးကိုအထိုင်ချကာ ဗဟိုတွင်မရွေ့နိုင်သော ကမ္ဘာရှိသည်။စက်လုံးများသည် တစ်ခုအတွင်းတစ်ခု လည်ပတ်နေစဉ် ယင်းစက်လုံးတို့အပေါ်ရှိဒြပ်ဝတ္တုများဖြစ်သော နေ၊လနှင့်ဂြိုလ်တို့သည် မိုးကောင်းကင် တွင်ဖြတ်သန်းရွေ့လျှားကြလေသည်။

အရစ္စတိုတယ်၏ရှင်းပြချက်သည် ယုတ္တိရှိပုံပေါက်သည်။အကယ်၍ကောင်းကင်တန်ဆာများကို တစ်ခုခု နှင့်ချိတ်တွဲမထားပါက ယင်းတို့သည် အထက်ယံ၌ မည်သို့တည်နေနိုင်ပါမည်နည်း။လေးစားခံရသော အရစ္စတိုတယ်၏အယူအဆများကို အမှန်တရားအဖြစ် အနှစ်၂၀၀၀ခန့် လက်ခံခဲ့ကြသည်။

ဗြိတိန်နစ်ကာ စွယ်စုံကျမ်းသစ်အရ ၁၆ရာစုနှင့်၁၇ရာစုများတွင်
သူ၏သွန်သင်ချက်များသည် ကတ်သလစ် ချာ့ခ်ျအမြင်တွင်"ဘာသာရေးတရားသေအယူဝါဒအဆင့်ထိတက်ရောက်သွားခဲ့သည်။

အဝေးကြည့်မှန်ပြောင်းများကို တီထွင်လာလေသော် နက္ခတ္တဗေဒပညာရှင်များသည် အရစ္စတိုတယ်၏ အယူအဆကို စောဒကတက်ခဲ့ကြသည်။သို့တိုင်ဂြိုလ်များသည် ဗလာနယ်အာကသတွင် တွဲလဲနေသည် မမြင်နိုင်သည့်စွမ်းအားဖြစ်သော ဆွဲငင်အားကြောင့် မိမိတို့၏ပတ်လမ်းများတွင် တည်တံ့နေကြခြင်းဖြစ်သည်ဟု ဆာအိုက်ဇက်နယူတန်က မရှင်းပြမချင်း အဖြေမရဖြစ်နေကြသည်။ယင်းသည်ဆန်းကျယ်နေပုံရှိရာ နယူတန်၏ လုပ်ဖော်ဆောင်ဖက်အချို့ ပင် အာကာသသည်
ကျယ်ပြော၍ ဝတ္တုမဲ့ ဗလာနယ်ဖြစ်နိုင်ဖွယ်ရှိသည်ကို ယုံရခတ်နေကြသည်။

အဆိုပါပြသနာနှင့်ပတ်သတ်ပြီး သမ္မာကျမ်းစာက မည်သို့ဆိုစရာရှိသနည်း။လွန်ခဲ့သည့် အနှစ် ၃၅၀၀နီးပါးက
ကျမ်းစာတွင် ကမ္ဘာသည် အခုအခံမရှိ တွဲလဲဖြစ်နေသည်ဟု အလွန့်အလွန်ရှင်းလင်းစွာဖော်ပြထားသည်။

"မိုးကောင်းကင်ကိုလွတ်လပ်လဟာ၌ကြက်တော်မူ၏။မြေကြီးကိုအခုအခံမရှိဆွဲထားတော်မူ၏"
[ယောဘဝတ္တုကျမ်း ၂၆း၇]

မူရင်းဟေဗြဲစကား၌
 ဤတွင်အသုံးပြုထားသော "မရှိ"(ဘေလီ-မား)ဟူသည့် စာသားအတိုင်းအဓိပ္ပါယ်မှာ"နတ္ထိ"ဟူ၍ဖြစ်သည်။ခေတ်ပြိုင်အင်္ဂလိပ့်ဘာသာပြန်ကျမ်းက "သုညနယ်"တွင်ဟူသည့် အသုံးအနှုန်းကို အသုံးပြုထားသည်။ထိုခေတ်ရှိလူအများစုသည် ကမ္ဘာကို သုညနယ်တွင် တွဲလဲဖြစ်နေသည့် ဂြိုလ်တစ်လုံးအနေနှင့် လုံးဝမမြင်ပါ။သို့တစေ ကျမ်းရေးသူသည် ဘုရားသခင်၏ လမ်းပြညွှန်ကြားမှုဖြင့် ခေတ်ရှေ့ပြေးကာ သိပ္ပံနည်းအရ တိကျခိုင်လုံသော ကျေနပ်နှစ်သက်ဖွယ်အဆိုတစ်ခုကို မှတ်တမ်းတင်ခဲ့လေသည်။

[ကမ္ဘာမြေကြီးသည် ဘားမှမရှိသည့် လဟာပြင်ဖြင့် ဝန်းရံထားခြင်းခံရသည်ဟူသော သမ္မာကျမ်းစာ၏ ဖော်ပြချက်သည် ယင်းအချိန်တွင်ထူးဆန်းသောအမြင်ဖြစ်ကြောင်း ကျမ်းပညာရှင်များက အသိမှတ်ပြုသည်]

>science and bible<
Share:

No comments:

Post a Comment

Ordered List

  1. Lorem ipsum dolor sit amet, consectetuer adipiscing elit.
  2. Aliquam tincidunt mauris eu risus.
  3. Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Definition List

Definition list
Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
Lorem ipsum dolor sit amet
Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.

Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Pages