ဘုရားသခင်အား ယုံကြည်ခြင်းကြောင့် ပါမောက္ခ၏ လှောင်ပြောင်ခြင်းခံရသော ကျောင်းသား

ဘုရားသခင်အား ယုံကြည်ခြင်းကြောင့် ပါမောက္ခ၏ လှောင်ပြောင်ခြင်းခံရသော ကျောင်းသား
•••••••••••••••••••••••••••••••••••••••••••
ပါမောက္ခ >:•• သား မင်းက ခရစ်ယာန် ဟုတ်
တယ်မဟုတ်လား?
ကျောင်းသား>: •• ဟုတ်ပါတယ်ဆရာ။
ပါမောက္ခ >: •• ဒါဆိုရင် မင်းဘုရားသခင်ကို
ယုံကြည်သလား?
ကျောင်းသာ >: •• အပြည့်အဝ ယုံကြည်ပါ
တယ်ဆရာ။
ပါမောက္ခ >: •• ဘုရားသခင်က ကောင်းလား?
ကျောင်းသာ >: •• ကောင်းတာပေါ့ဗျာ။
ပါမောက္ခ: •• ဘုရားသခင်က တန်ခိုးရှိလား?
ကျောင်းသား: •• ရှိတာပေါ့ဗျာ။
ပါမောက္ခ: •• ဆရာ့အကိုကတော့ ဘုရားသခင်ကို
သူ့ကင်ဆာရောဂါ ပေးပျောက်ဖို့
ဆုတောင်းရင်း သေသွားတယ်။
ငါတို့လူအများစုက နေမကောင်းတဲ့
သူတွေကို ကြိုးစားကူညီပေးချင်ကြ
တယ်။ ဒါပေမယ့် ဘုရားသခင်က
မကူဘူး။ ဘုရားသခင်က ဘယ်
လို့ကောင်းနိုင်မှာလဲ? ဟင်း!
(ကျောင်းသားတိတ်ဆိတ်နေသည်။)
ပါမောက္ခ>:••မင်းဖြေနိုင်မလား မဖြေနိုင်လား
ပြန်စမေးမယ်နော်။ ကလေးရေ
ဘုရားသခင်ကောင်းလား?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• စာတန်မာနတ် ကောင်းလား?
ကျောင်းသား:>•• မကောင်းပါ။
ပါမောက္ခ:>•• စာတန်မာနတ် ဘယ်ကလာသလဲ?
ကျောင်းသား:>•• ဘု-ရား-သ-ခင်-ဆီ က …
ပါမောက္ခ:>•• ဒါမှန်တာပေါ့။ သား ဆရာ့ကိုပြောပြ
စမ်း။ လောကကြီးမှာ မကောင်းမှုရှိ
သလား?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• မကောင်းမှုက နေရာတိုင်းမှာဘဲ။
ဟုတ်တယ်မဟုတ်လား? နောက်ပြီး
ဘုရားသခင်က အရာခပ်သိမ်းကို
ဖန်ဆင်း ခဲ့တာလေ။ မှန်တယ်နော်?
ကျောင်းသား:>•• ဟုတ်ကဲ့။
ပါမောက္ခ:>•• ဒါဆို မကောင်းမှုကို ဘယ်သူဖန်
ဆင်းတာလဲ?
( ကျောင်းသားမဖြေပါ။)
ပါမောက္ခ:>•• မကျန်းမာမှုတွေ၊ စာရိတ္တပျက်ပြား
မှုတွေ၊ အမုန်းတရားတွေ၊
အကျည်းတန်ခြင်းတွေ၊ ဒီအရာ
အားလုံး လောကကြီးမှာရှိနေတယ်
မဟုတ်လား?
ကျောင်းသား:>•• ဟုတ်ကဲ့ပါဆရာ။
ပါမောက္ခ:>•• ဒါဆိုရင် အဲ့ဒီအရာတွေ ဘယ်သူ
ဖန်ဆင်းတာလဲ?
(ကျောင်းသား၌ အဖြေမရှိပါ။)
ပါမောက္ခ:>•• သိပ္ပံပညာက အာရုံငါးပါးနဲ့ လောကတစ်ခုလုံးကို လေ့လာနိုင်တယ်လို့ ပြော
တယ်။ ကဲ သားလေး ပြောကြည့်စမ်းပါ။ ဘုရားသခင်ကို တွေ့မိလား?
ကျောင်းသား:>•• မတွေ့မိပါဘူး ဆရာ။
ပါမောက္ခ: >•• ဘုရားသခင် မင်းကိုစကားပြောတာ ကြားခဲ့ဖူးရင် ပြောပြပါလား။
ကျောင်းသား: >•• မကြားမိဘူးဆရာ။
ပါမောက္ခ: >•• မင်းဘုရားသခင်ကို ခံစားဖူးလား? ဘုရားသခင်ကို မြည်းစမ်းဖူးလား?
ဘုရားသခင်ရဲ့ အနံ့ခံဖူးလား? ဘုရားသခင်နဲ့ပတ်သက်ပြီး အာရုံခံစားရတဲ့
အတွေးအသိတွေရဖူးလား?
ကျောင်းသား: >•• မရှိဘူးဆရာ။ ကျွန်တော် မကြုံခဲ့ဖူးပါဘူး။
ပါမောက္ခ: >•• ဒါတောင်မင်းက သူ့ကို ယုံနေတုန်းဘဲ?
ကျောင်းသား: >•• ဟုတ်ကဲ့။
ပါမောက္ခ: >•• လက်တွေ့မျက်မြင်သိရတာတွေ၊ စမ်းသပ်လို့ရတာတွေ၊ ယုတ္တိရှိစွာ
သရုပ်ပြလို့ရတာတွေအားဖြင့် သိပံ္ပပညာက မင်းရဲ့ဘုရားသခင် မရှိဘူး
လို့ ပြောလာတယ်။ မင်းအဲ့ဒါကို ဘယ်လို တုန့်ပြန်မလဲ?
ကျောင်းသား: >•• ဘယ်လိုမှ မတုန့်ပြန်ပါဘူး။ ကျွန်တော့ရဲ့ ယုံကြည်ခြင်းကိုဘဲ
ဆက်ကိုင်စွဲမှာပါ။
ပါမောက္ခ: >•• ဟုတ်ပြီ ယုံကြည်ခြင်း။ သိပ္ပံပညာမှာပြဿနာဖြစ်နေတာက အဲဒါဘဲ။
ကျောင်းသား:>•• ပါမောက္ခကြီးခင်ဗျား၊ ပူတယ်ဆိုတဲ့အရာရှိလား?
ပါမောက္ခ: >•• ရှိတာပေါ့။
ကျောင်းသား: >•• အေးတယ်ဆိုတဲ့အရာကောရှိလား?
ပါမောက္ခ: >•• ရှိတာပေါ့။
ကျောင်းသား: >•• မရှိဘူးဆရာ၊ ဒါတွေမရှိဘူး။
(စာသင်ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။)
ကျောင်းသား: >••ဆရာ၊ အပူရှိန်တွေအများကြီးရနိုင်ပါတယ်။ ပိုပူတာတွေလည်းရပါ
တယ်။ သာလွန်တဲ့ အပူတွေလည်းရပါတယ်။ ဧရာမ အပူတွေ၊
အဖြူရောင် အပူတွေ၊ နည်းနည်းဘဲပူတာတွေ၊ လုံးဝမပူတာတွေ အား
လုံးရနိုင်ပါတယ်။ ဒါပေမယ့် အေးတယ်ဆိုတဲ့အရာ မရှိပါဘူး။
သုညအောက် ၄၅၈ ဒီဂရီ ကိုတောင် အပူချိန်မရှိတော့တဲ့အထိ
အပူချိန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားလို့
မရတော့ပါဘူး။ အေးခြင်းဆိုတဲ့ အရာ မရှိပါဘူး။ အေးတယ်ဆိုတာ အပူ
မရှိလို့ပေါ်ထွက်လာတဲ့ စကားလုံးပါ။ အေးခြင်းဆိုတာကို တိုင်းတာ
လို့မရပါဘူး။ ပူခြင်းဆိုတာ စွမ်းအင်တစ်ခုပါ။ အေးခြင်းဆိုတာ ပူခြင်းရဲ့
ဆန့်ကျင်ဘက်စွမ်းအင် မဟုတ်ပါဘူး ဆရာ၊ အပူမရှိခြင်းရဲ့ ပုံဆောင်ခြင်း
သာဖြစ်ပါတယ်။
( စာသင်ခန်းမသည် အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်နေသည်။)
ကျောင်းသား: >•• ပါမောက္ခကြီးခင်ဗျား၊ အမှောင်ကိုရော ဘယ်လိုသဘောရပါသလဲ?
မှောင်နေတဲ့အရာဝတ္ထုရှိပါသလား?
ပါမောက္ခ: >•• ရှိတာပေါ့။ ညအချိန်မှာမှောင်နေတာလေ။
ကျောင်းသား:>•• ဒါဆိုရင်တော့ ဆရာကြီးထပ်မှားပြန်ပြီ။ အမှောင်ဆိုတာ
တစ်စုံတစ်ခုမရှိခြင်းကြောင့် ဖြစ်တည်တာပါ။ အလင်းဖျော့ဖျော့၊
ပုံမှန်အလင်း၊ တောက်ပတဲ့အလင်း၊ ဝင်းလက်နေတဲ့အလင်း၊ စသဖြင့်
ရနိုင်ပါတယ်။ အလင်းအဆက်မပြတ် မရရင်တော့ ဘာမှမရှိတော့
ဘူး၊ မှောင်တယ်လို့ခေါ်တယ်မဟုတ်ပါလား? အမှန်မှာတော့ အမှောင်မ
ရှိပါဘူး။ အဲဒီလိုရှိရင် ကျွန်တော်တို့ အမှောင်ကို ပိုမှောင်အောင်
လုပ်နိုင်မှာပေါ့။ မဟုတ်ဘူးလား?
ပါမောက္ခ: >•• ဒါဆိုရင် မင်းကဘာကို ထောက်ပြပြောဆိုချင်တာလဲ လူငယ်?
ကျောင်းသား:>•• ဆရာ၊ ကျွန်တော်ထောက်ပြချင်တာကတော့ ဒဿနိကအတွေးအားဖြင့်
ဆရာ့အဆိုဟာ မှားယွင်းနေကြောင်းပါ။
ပါမောက္ခ: >•• မှားနေတယ်? ဘယ်လိုမှားတယ်ဆိုတာ ရှင်းပြပေးပါလား?
ကျောင်းသား: >••ဆရာက အကြောင်းအရာ နှစ်ရပ် ဒွန်တွဲနေမှုကို အဆိုပြုပါတယ်။
အသက်ရှင်ခြင်းရှိပြီး သေခြင်းလည်းရှိတယ်၊ ကောင်းတဲ့ဘုရား
မကောင်းတဲ့ဘုရား ရှိတယ်လို့ ဆိုပါတယ်။ ဆရာက ဘုရားသခင်ကို
အကန့်အသတ်ရှိတယ် တိုင်းတာလို့ရတယ်လို့ တွေးမြင်ယူဆပါတယ်။
ဆရာ၊ သိပ္ပံပညာတောင် အတွေးတစ်ခုကို အဓိပ္ပါယ် မဖွင့်ဆိုနိုင်ပါဘူး။
သိပ္ပံပညာက လျှပ်စစ်ဓာတ်အား၊ သံလိုက်ဆွဲငင်အားတို့ကို အသုံးပြုပါ
တယ်။ ဒါပေမယ့် ဒီအရာတွေကို အပြည့်အဝနားလည်တဲ့အထိ သိရှိ
တယ်လို့ မတွေ့ရပါဘူး။ သေခြင်းကို အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်
ဘက်အနေနဲ့ မြင်ကြည့်မယ်ဆိုရင် မကောင်းပါဘူး။ သေခြင်းနဲ့
အသက်ရှင်ဟာ ဟာ အမြဲဒွန်တွဲနေတယ်လို့ ပြောနိုင်ပါတယ်။
သေခြင်းဆိုတာ အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး။
အသက်ရှင်ခြင်း မရှိခြင်းသာ ဖြစ်ပါတယ်။ ပါမောက္ခကြီးခင်ဗျား၊
ကျောင်းသားတွေကို သူတို့ မျောက်က ဆင်းသက်လာတယ်လို့
သင်ကြားဖူးပါသလား?
ပါမောက္ခ:>•• ဆင့်ကဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မင်းပြောနေတာဆိုရင်တော့
ဟုတ်တယ်၊ ငါသင်ခဲ့တယ်။
ကျောင်းသား: >•• ဆရာ့ရဲ့ မျက်လုံးဆင့်ကဲဖြစ်စဉ်ကိုရော ဆရာလေ့လာခဲ့ဖူးသလား?
( ပါမောက္ခမှာပြုံး၍ ခေါင်းခါလိုက်သည်။ သူတို့ငြင်းခုံနေခြင်း အဘယ်ကို
ဦးတည်နေကြောင်း ရိပ်စားမိလာသည်။)
ကျောင်းသား:>•• ဆင့်ကဲဖြစ်စဉ်တွေကို ဘယ်သူကမှလုပ်ငန်းခွင်မှာ မလေ့လာခဲ့
ဒါကြောင့် ဒီဖြစ်စဉ်ကို ဆက်ပြီးရှာဖွေဖော်ထုတ်နေတယ်လို့ ပြော
လို့မရပါဘူး။ ဆရာ့အနေနဲ့ ဆရာ့ရဲ့ အတွေးအမြင်တွေကို သင်နေတာ
မဟုတ်ဘူးမို့လား? ဆရာက သိပ္ပံပညာရှင် မဟုတ်ဘဲ တရားဟော
ဆရာဖြစ်နေလား?
( စာသင်ခန်း ဆူညံလာသည်။)
ကျောင်းသား: >•• အတန်းထဲက တစ်ယောက်ယောက်များ ပါမောက္ခကြီးရဲ့ ဦးနှောက်
ကို တွေ့ဖူးတာရှိလားခင်ဗျာ?
( အတန်းသားများရယ်သံထွက်ပေါ်လာသည်။)
ကျောင်းသား: >•• ဒါဆို ပါမောက္ခကြီးရဲ့ ဦးနှောက်ဟာ ထိတွေ့ပြီးအရသာခံစားလို့
ရတယ်လို့ ဒီမှာရှိတဲ့ တစ်ယောက်ယောက်များကြားဖူးပါသလား?
တစ်ယောက်မှမရှိပါဘူး။ လက်တွေ့မျက်မြင်ကို အခြေခံတဲ့၊ ခိုင်မာတဲ့၊
လက်တွေ့သာဓကပြလို့ရတဲ့နိယာမတွေအားဖြင့် သိပ္ပံပညာက ဆရာ့
မှာ ဦးနှောက်မရှိဘူးလို့ ပြောပါတယ်ဆရာ။ ဆရာ့ကို လေးစားသမှု
ပြုပြီး ပြောရရင်တော့ ဆရာရဲ့ ပို့ချမှုတွေကို ဘယ်လို ယုံကြည်ရမလဲ
မသိတော့ပါဘူးဆရာ။
( အခန်းမှာ တိတ်ဆိတ်သွားသည်။ ပါမောက္ခမှာ တပည့်အား ဉာဏ်
မမှီသော အကြည့်ဖြင့်ကြည့်နေသည်။)
ပါမောက္ခ: >•• ငါ့အမြင်တော့ မင်းဒါတွေကို ယုံရင်ရပါပြီ သားရယ်။
ကျောင်းသား: >••ဒါဘဲဆရာ… အမှန်ပါဘဲ! လူနဲ့ဘုရားကြားက ဆက်နွယ်မှုက
“ယုံကြည်ခြင်း” ပါဘဲဆရာ။ အရာခပ်သိမ်းကို ရှင်သန်စေပြီး
ဆက်လက်ဖြစ်ပွားစေတာ ယုံကြည်ခြင်းပါဘဲ။
စာကြွင်း
ဤစကားအပြန်အလှန်ပြောဆိုခြင်းကို သင်ဖတ်ရှုပြီး စိတ်ဝင်စားလိမ့်မည်ဟု ယုံကြည်ပါသည်။ သင့်သူငယ်ချင်းမိတ်ဆွေများကိုလည်း သင်ဤကဲ့သို့ ခံစားစေချင်မှာမဟုတ်ပါလား?
သူတို့၏ အသိ/ယုံကြည်ခြင်း တိုးလာအောင် ဤစာကို လက်ဆင့်ကမ်းပေးပါ။
စကားမစပ် ပြောရမည်ဆိုလျှင် ထိုကျောင်းသားသည် အိုင်းစတိုင်း (EINSTEIN) ပင်ဖြစ်ပါသည်။
သင်အမေးမြန်းခံရခဲ့ပါလျှင် သင်သတိရသင့်သည်မှာ ကျွန်ုပ်တို့၏ခန္ဓာတွင်း၌ှရှိသော ဖန်ဆင်းခံ အရာသတ္တိခွန်အားများက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေပါသည်။ ထိုသတ္တိခွန်အားကို ရှင်သန်တိုးပွားစေရန် လိုအပ်ပါသည်။
“သို့ ရာတွင်တွေးတောခြင်း မရှိဘဲ ယုံကြည်သော စိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။” (ယာကုပ် ၁:၆)
  • သင်သည် ယုံကြည်သူတစ်ယောက်ဖြစ်လျှင် ဤစာကို မိမိမိတ်ဆွေများအားဝေမျှပါ။-
မှတ်ချက် ။ ။ Carla G. ၏ရေးသားချက်ကို Sayama Marlene A. Po မှဆီလျော်အောင်
ဘာသာပြန်သည်
Credit LianKam
Share:

No comments:

Post a Comment

Ordered List

  1. Lorem ipsum dolor sit amet, consectetuer adipiscing elit.
  2. Aliquam tincidunt mauris eu risus.
  3. Vestibulum auctor dapibus neque.

Sample Text

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation test link ullamco laboris nisi ut aliquip ex ea commodo consequat.

Definition List

Definition list
Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.
Lorem ipsum dolor sit amet
Consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.

Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.

Pages